Friday, December 29, 2017

၂၀၁၇ နှစ်လည် မဂ္ဂဇင်းစာမူရှင် ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ










ရန်ကုန် ၂၀၁၇ ဒီဇင်ဘာ ၂၉

ရန်ကုန်ပညာရေးတက္ကသိုလ် ၂၀၁၇ နှစ်လည် မဂ္ဂဇင်းစာမူရှင် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးမြင့်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ပါမောက္ခချုပ်ဒေါက်တာအေးအေးမြင့်နှင့် တာဝန်ရှိသူများက စာမူရှင် ဆရာ ဆရာမကြီးများအား ဂုဏ်ပြုလက်ဆောင်ပစ္စည်း များပေးအပ် ရာ စာမူရှင် ဆရာ ဆရာမကြီးများနှင့် စာမူရှင် ဆရာ ဆရာမများ ကိုယ်စား ရန်ကုန်ပညာရေးတက္ကသိုလ် သင်ပြနည်းဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမျိုးဝင်းနှင့် စာမူရှင် ကျောင်းသား ကျောင်းသူများကိုယ်စား ရန်ကုန်ပညာရေးတက္ကသိုလ် ပဉ္စမနှစ် ပထမနှစ်ဝက်ကျောင်းသား မောင်အောင်ဖုန်းကျော်တို့က လက်ခံရယူကြသည်။ ယင်းနောက် ပါမောက္ခချုပ် ဒေါက်တာအေးအေးမြင့်က မဂ္ဂဇင်းကြော်ငြာရှင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် စာမူရှင် ဆရာကြီး ဒေါက်တာခင်ဇော်၊ ဦးရဲမြင့်နှင့် ဒေါက်တာခင်မောင်ညို တို့က ဝမ်းမြောက်ပီတိစကား ပြန်လည်ပြောကြားခဲ့သည်။

No comments:

Post a Comment