Thursday, November 30, 2017

(၆)ကြိမ်မြောက်နိုင်ငံတကာသင်ယူမှု နှီးနှောဖလှယ်ပွဲကျင်းပ

နေပြည်တော် ၂၀၁၇ နိုဝင်ဘာ ၂၇

ကျောင်းများတွင် သန့်ရှင်းသောရေရရှိရေး၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်ကျန်းမာရေးဆိုင်ရာ (၆)ကြိမ်မြောက်နိုင်ငံတကာသင်ယူမှု နှီးနှောဖလှယ် ပွဲ 6th WASH in Schools International Learning Exchange (WinS ILE 6) အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ - ၂ (MICC-2) ၌ ကျင်းပရာ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတက်ရောက် အဖွင့်အမှာ စကားပြောကြားသည်။

Tuesday, November 28, 2017

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများအတွက် လုပ်ငန်းတာဝန်ဆိုင်ရာ ဆွေးနွေးပွဲသင်တန်း ကျင်းပ

ရန်ကုန် ၂၀၁၇ နိုဝင်ဘာ ၂၆


၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူး၊ တွဲဖက် ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းကို ရန်ကုန်ပညာရေးတက္ကသိုလ်ရှိ Learning Hub ခန်းမ၌ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်မှ (၂၇)ရက် အထိ (၃)ရက်ကြာ ကျင်းပလျှက်ရှိရာ ယနေ့မွန်းလွဲ(၂)နာရီ တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကား ပြောကြားသည်။

၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စားမေးပွဲ ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ပညာရေးဝန်ထမ်း သား၊သမီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား

နေပြည်တော် ၂၀၁၇ နိုဝင်ဘာ ၂၅


၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ပညာရေးဝန်ကြီးဌာနရှိအရာထမ်း ၊ အမှုထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁) ၌ ကျင်းပ

၂၀၁၇ ခုနှစ်၊ ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ခြင်း ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၂၀၁၇ နိုဝင်ဘာ ၂၄

၂၀၁၇ခုနှစ်၊ ကရင်ပြည်နယ်အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ခြင်းဂုဏ်ပြုပွဲအခမ်းအနားကို နိုဝင်ဘာလ (၂၄)ရက် နေ့ ၊ နံနက်(၉)ခွဲနာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမကျင်းပရာ အခမ်းအနားကို ဘားအံမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း မှကျောင်းသား၊ ကျောင်းသူများက "လူတိုင်းအတွက်ပညာရေး" သီချင်းဖြင့်သီဆိုဖွင့်လှစ်သည်။ ထိုနောက် ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမူရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော်က အဖွင့်အမှာစကားပြောကြားသည်။

Sunday, November 26, 2017

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအောင်မြင်ခြင်း ဂုဏ်ပြုပွဲကျင်းပ

ထားဝယ် ၂၀၁၇ နိုဝင်ဘာ ၂၄

၂၀၁၇ ခုနှစ် တနင်္သ࿿ာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ခြင်း ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီတွင် ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တနင်္သ࿿ာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းဒေသကြီးရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ အမျိုးသားပညာရေးမူဝါဒေကော်မရှင်နှင့် အမျိုးသားအဆင့် အရည်အသွေးအာမခံမှုကော်မတီတို့မှ အဖွဲ့ဝင်များ၊ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ လူမှုအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ လုပ်အားပေး ဆောင်ရွက်သည့် ကျောင်းသားကျောင်းသူများနှင့် ပညာရေးမိသားစုဝင်များ တက်ရောက်ကြ

Wednesday, November 22, 2017

(၈)ကြိမ်မြောက်အာရှ-ဥရောပအစည်းအဝေးပုံစံတူဆွေးနွေးပွဲ (8th Model ASEM 2017)နှင့် ပိတ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၂၀၁၇ နိုဝင်ဘာ၁၉


(၈)ကြိမ်မြောက်အာရှ-ဥရောပအစည်းအဝေးပုံစံတူဆွေးနွေးပွဲ (8th Model ASEM 2017)ပိတ်ပွဲအခမ်းအနားကို ယနေ့ နံနက်၉နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်းဗင်းရှင်းဗဟိုဌာန-၂(MICC- II)၌ ကျင်းပသည်၊ ရှေးဦးစွာ 8th Model ASEM ဥက္ကဋ္ဌဌ၏ ထုတ်ပြန်ကြေငြာချက်အပေါ် ဆွေးနွေးခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် အပြီးသတ်ဆွေးနွေးခြင်းများကိုပြုလုပ်ပြီး သက်ဆိုင်ရာကိုယ်စာလှယ်များအလိုက် အမှားစကားပြောကြားသည်။

8th Model ASEM 2017၊လုပ်ငန်းအဖွဲ့များအကြောင်းအရာအလိုက် ဆွေးနွေးခြင်းနှင့်အပြန်အလှန်ဆွေးနွေးခြင်း ဆက်လက်ကျင်းပ

နေပြည်တော် ၂၀၁၇ နိုဝင်ဘာလ ၁၈

8thModel ASEM 2017 ၊ လုပ်ငန်းအဖွဲ့များအကြောင်းအရာအလိုက်ဆွေးနွေးခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများကို ယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ-၂ (MICC-||) ၌ ဆက်လက်ကျင်းပသည်။

(၈)ကြိမ်မြောက် အာရှ-ဥရောပအစည်းအဝေး ပုံစံတူဆွေးနွေးပွဲ (8th Model ASEM 2017) ကျင်းပ

နေပြည်တော် ၂၀၁၇ နိုဝင်ဘာ ၁၇


နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ကျား၊ မ တန်းတူညီမျှရေးတို့အတွက် ပညာရေးသည်အရေးကြီးပါကြောင်း၊ ယခုဆွေးနွေးပွဲသည် လူငယ်အချင်းချင်း သံတမန်ဆက်ဆံရေး၊ ညှိနှိုင်းဆွေးနွေးရေးနှင့်နိုင်ငံတကာဆက်ဆံရေးစသည့် အကြောင်းအရာများကိုလက်တွေ့ကျကျမိတ်ဆက်ပေးသည့် ဆွေးနွေးပွဲတစ်ခုဖြစ်ပါကြောင်းဖြင့်(၁၃)ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးဖြစ်သည့် (၈)ကြိမ်မြောက်အာရှ-ဥရောပအစည်းအဝေးပုံစံတူဆွေးနွေးပွဲ (8th Model ASEM 2017) ဖွင့်ပွဲအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကပြောကြားခဲ့သည်။

8thModel ASEM 2017 သို့တက်ရောက်လေ့လာမည့် နိုင်ငံတကာမှ ကျောင်းသားကျောင်းသူများနေပြည်တော်သို့ ရောက်ရှိ

နေပြည်တော် ၂၀၁၇ နိုဝင်ဘာလ ၁၆

(၁၃)ကြိမ်မြောက် ASEM နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးဖြစ်သော8thModel ASEM 2017ကိုမြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာအဆိုပါအစည်းအဝေးသို့ တက်ရောက်လေ့လာမည့် နိုင်ငံတကာမှ ကျောင်းသားကျောင်းသူများသည် ယနေ့ ည ၇နာရီခွဲတွင် မော်တော်ယာဉ်များဖြင့် နေပြည်တော်ရှိမင်္ဂ္လာသီရိဟိုတယ်သို့ ရောက်ရှိလာကြရာ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှတာဝန်ရှိသူများကကြိုဆိုကြသည်။

Tuesday, November 21, 2017

ပညာရေးဝန်ကြီးဌာနနှင့် ဟန်ဂေရီနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတို့၏ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် လက်မှတ်ရေးထိုးခြင်း

နေပြည်တော် ၂၀၁၇ နိုဝင်ဘာ ၂၁

ပညာရေးဝန်ကြီးဌာနနှင့် ဟန်ဂေရီနိုင်ငံ၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတို့၏ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကိုယနေ့ ညနေ ၄ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁) ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားပါသည်။

Edit Media 8th model ASEM 2017 တွင် ပါဝင်သည့် မြန်မာကျောင်းသားများအား ကြိုဆိုပွဲကျင်းပ

ရန်ကုန် ၂၀၁၇ နိုဝင်ဘာ ၁၅

8th model ASEM 2017 တွင် ပါဝင်သည့် မြန်မာကျောင်းသားများအား ကြိုဆိုပွဲအခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ ဒေါ်အေးအေးမြင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

Education Management Information System

Education Management Information System

Sunday, November 19, 2017

ဦးစီးအဆင့်တက္ကသိုလ်များ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၂၀၁၇ နိုဝင်ဘာ ၁၈

၂၀၁၆ -၂၀၁၇ ခုနှစ် အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်ရုံးခွဲနှင့်မန္တလေးရုံးခွဲ ဦးစီးအဆင့်တက္ကသိုလ်များ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကို ယနေ့မွန်းတည့် ၁၂ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် အားကစားခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။

Wednesday, November 15, 2017

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး High Performing Ministry of Education ဟောပြောပွဲ တက်ရောက်

နေပြည်တော် ၂၀၁၇ နိုဝင်ဘာ ၁၄

ပညာရေးဝန်ကြီးဌာန၏ High Performing Ministry of Education ဟောပြောပွဲကို ယနေ့ မွန်းလွဲ (၁:ဝဝ) နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁) တွင်ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

Tuesday, November 14, 2017

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၂၀၁၇ ခုနှစ် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများသို့လှည့်လည်ကြည့်ရှု့အားပေး

နေပြည်တော် ၂၀၁၇ နိုဝင်ဘာ ၁၃

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ကရင်ပြည်နယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှမြင့်၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော ၂၀၁၇ ခုနှစ် ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်နေသည့် သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့သစ် အမှတ်(၃)ရပ်ကွက် စာသင်ဝိုင်းသို့ သွားရောက်ပြီး မသန်စွမ်းစာသင်သားများ သင်ကြားသင်ယူမှုများကို ကြည့်ရှု့အားပေးစကား ပြောကြားသည်။

၂၀၁၇ ခုနှစ် (၉၇)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် ၂၀၁၇ နိုဝင်ဘာ ၁၃

၂၀၁၇ ခုနှစ် (၉၇)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားနှင့် မြို့မကျောင်းနှစ် (၁၀ဝ) ပြည့် အကြိုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(မြို့မ)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Monday, November 13, 2017

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အုပ်ချုပ်မှုသင်တန်းကျောင်း သင်တန်းသို့သွားရောက်

ရန်ကုန် ၂၀၁၇ နိုဝင်ဘာ ၁၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂ္လာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှု သင်တန်းကျောင်း၌ ဖွင့်လှစ်ကျင်းပသည့် ဦးစီးအရာရှိများစီမံခန့်ခွဲ အုပ်ချုပ်မှုသင်တန်းအမှတ်စဉ် (၈/၂၀၁၇)သို့ သွားရောက်သည်။

Sunday, November 12, 2017

အမျိုးသားအဆင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန် ၂၀၁၇ နိုဝင်ဘာ ၁၁

အမျိုးသားအဆင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲ တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က အဖွင့်အမှာစကားပြောကြားသည်။

Saturday, November 11, 2017

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ ဆရာဆရာမများ ရာထူးတိုး/ပြောင်း ဆောင်ရွက်ရန်အတွက် ရွေးချယ်ရေး တန်းစီဇယားသတ်မှတ်ခြင်း 'မူ'များဆွေးနွေးပွဲကျင်းပ











နေပြည်တော် ၂၀၁၇ နိုဝင်ဘာ ၈


ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ ဆရာဆရာမများ ရာထူးတိုး/ပြောင်း ဆောင်ရွက်ရန်အတွက် ရွေးချယ်ရေး တန်းစီဇယားသတ်မှတ်ခြင်း ‘မူ’ များဆွေးနွေးပွဲကို နိုဝင်ဘာလ ၈ရက်နေ့ နံနက် ၉နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်ဒီဂရီကောလိပ် (၁၃၃)ခုတွင် ဆရာ၊ ဆရာမ (၂၁၂၄၅)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၃၅၄၃၃)ဦးရှိပါကြောင်း၊ ပညာရေးပြုပြင် ပြောင်းလဲမှုများဆောင်ရွက်ရာ၌ အရည်အသွေးမြင့်မားရေးကို ဦးတည်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်းများစွာ ပညာရေးခေတ်နောက်ကျလာခဲ့ရာမှ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဆောင်ရွက်နေချိန်တွင် ဆရာဆရာမများအနေဖြင့် အင်္ဂ္လိပ်စာကျွမ်းကျင်မှု၊ ICTကျွမ်းကျင်မှုများ မြှင့်တင်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆရာဆရာများကိုယ်တိုင် အရည်အသွေးမြင့်မားရေးအတွက် စာများများဖတ်၍ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများ ရေးသားခြင်းနှင့် အကျိုးရှိထိရောက်သော သုတေသနလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ကျောင်းသားကျောင်းသူများအား အလွတ်ကျက်မှတ်မှုကို အားမပေးဘဲ Deep Learning သင်ယူနိုင်ရေးအတွက် တက္ကသိုလ်ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုတိုးတက်အောင်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ နေရာတိုင်းတွင် လိုအပ်ချက် မပြည့်စုံမှု အခက်အခဲ စိတ်ခေါ်မှုများရှိနေသော်လည်း ကြံ့ကြံ့ခံရင်ဆိုင် ဖြေရှင်း၍ အောင်မြင်အောင်ကြိုးစား ဆောင်ရွက်ဖို့လိုကြောင်း၊ ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြင့်မားရေးကို အလေးထားကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း၊နိုင်ငံ့ဝန်ထမ်းများဖြစ်၍ ဝန်ထမ်းဥပဒေများနှင့် ခွင့်ပြုဘဏ္ဍဍာငွေများအရသာ ဆောင်ရွက်ပေးနေရပါကြောင်း၊ ကျောင်းသားကျောင်းသူများကို လူသားကောင်းများဖြစ်အောင် ပူးပေါင်းဆောင်ရွက်တတ်အောင် တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်အောင် တီထွင်ကြံဆတတ်အောင် လေ့ကျင့်သင်ကြားပေးကြရမည်ဖြစ်ကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍဍ အရည်အသွေး မြင့်မားရေးအတွက် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုပျိုးထောင်နိုင်ရေးနှင့် အရည်အသွေး အာမခံနိုင်မှုရှိသော ပညာရေးလမ်းကြောင်း ပေါ်ရောက်အောင် အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းစသည်ဖြင့် အမှာစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမှာစကားပြောကြားပြီး အဆင့်မြင့် ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက တက္ကသိုလ်ဒီဂရီကောလိပ် ဆရာ ဆရာမများ၏ ရာထူးတိုးပြောင်းကိစ္စများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာသူများက ဆွေးနွေးမေးမြန်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးကြသည်။ ယနေ့ အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌဌ ဒေါက်တာတင်အောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ပါမောက္ခချုပ်များ ကျောင်းအုပ်ကြီးများ၊ ဌာနခွဲတာဝန်ခံများနှင့် ဆရာဆရာမများ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Thursday, November 9, 2017

ဆရာအတတ်ပညာ သင်ရိုးညွှန်းတမ်းပြောင်းလဲခြင်း အထောက်အကူပြုမည့် ဘက်စုံလွှမ်းခြုံသော ဆရာများနှင့် ဆိုင်သော မူဝါဒရေးဆွဲရေး ဆွေးနွေးပွဲကျင်းပ

ရန်ကုန် ၂၀၁၇ အောက်တိုဘာ ၃၀









ဆရာအတတ်ပညာ သင်ရိုးညွှန်းတမ်းပြောင်းလဲခြင်း အထောက်အကူပြုမည့် ဘက်စုံလွှမ်းခြုံသော ဆရာများနှင့်ဆိုင်သော မူဝါဒရေးဆွဲရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌဌ ဦးညီလှငယ်နှင့်အဖွဲ့ဝင်များ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေး ကော်မတီဥက္ကဋ္ဌဌ၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌဌ၊ UNESCO Paris၊ Teacher Task Force မှ Project Officer Ms. Diane၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ပညာရေးကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ UNESCO Myanmar မှ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် Sustainable Development Goad 4 ကို ရရှိရန် ဆရာများသည် အဓိကကျ ကြောင်းနှင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရာတွင် ဆရာအတတ်ပညာကဏ္ဍဍကို ပိုမိုဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆရာအရည်အသွေးမြှင့်တင်ရန် မူဘောင်တစ်ခုချမှတ်၍ တိကျသော မူဝါဒများ၊ စီမံကိန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စနစ်တို့ကို တိကျစွာ သတ်မှတ်ထားရန် လိုအပ်ပါကြောင်း၊ ဆရာများမွေးထုတ်ခြင်း၊ လေ့ကျင့်ခြင်း၊ ခန့်ထားခြင်း၊ ဆရာများ လုပ်ငန်းခွင်တွင် ဆက်လက်တည်တံ့စေခြင်း စသည်တို့နှင့်ပတ်သက်၍ တိကျသော လမ်းညွှန်ချက်များစသည့် ဘက်စုံလွှမ်းခြုံသော ဆရာများနှင့်ဆိုင်သော မူဝါဒသည် အရေးကြီးပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)တွင် ဖော်ပြထားသည့်အတိုင်း လက်ရှိပညာရေး ကောလိပ်များကို ၄ နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ မူလတန်းဆရာများ၏အရည်အသွေးကို တိုးမြှင့်ရန်ဖြစ်ကြောင်း၊ ဆရာအတတ်ပညာကဏ္ဍဍတွင် ဆရာများနှင့်ဆိုင်သော မူဝါဒတစ်ရပ်ချမှတ်ရန် လိုအပ်ကြောင်းနှင့် ဆရာအတတ်ပညာ စီမံခန့်ခွဲမှုနှင့် အရည်အသွေး အာမခံမှုရှိရေးကို လိုအပ်သော ပူးပေါင်းဖြည့်ဆည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် အမျိုးသားပညာရေးမူဝဒါကော်မရှင် ဒုတိယဥက္ကဋ္ဌဌ ဦးညီလှငယ် နှင့် UNESCO Myanmar မှ Dr. Dagny တို့က အမှာစကားပြောကြားသည်။ ယင်းနောက် Ms. Diane က Components of a comprehensive teacher policy and how to develop it ခေါင်းစဉ်ဖြင့် ပြောကြားရာ တက်ရောက်လာကြသူများက ဆွေးနွေးခဲ့ကြပြီး Teacher Policy နှင့်ဆိုင်သော အကြောင်းအရာများနှင့် ပတ်သက်၍ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌဌ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်မှ ကိုယ်စားလှယ်၊ ဆရာအတတ်ပညာ စံအညွှန်းဘောင်ရေးဆွဲရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌဌ၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် ပညာရေးကောလိပ်များမှ ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက မေးမြန်းအကြံပြုခဲ့ကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသည် ဘက်စုံလွှမ်းခြုံနိုင်သော ဆရာများနှင့်ဆိုင်သော မူဝါဒတွင် ပါဝင်ရမည့် အရေးကြီးသော အခန်းကဏ္ဍဍများကို စဉ်းစားရန်နှင့် ဆရာ ဆရာမများနှင့်ဆိုင်သော မူဝါဒ၏အရေးပါမှုကို နားလည်သိရှိလာစေရန်ဖြစ်ကြောင်း သိရသည်။

Wednesday, November 8, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး (၃၉)ကြိမ်မြောက် ယူနက်စကို အထွေထွေညီလာခံတက်ရောက်







ရန်ကုန် ၂၀၁၇ နိုဝင်ဘာ ၅

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဦးဟန်သူ၊ မြန်မာနိုင်ငံ ယူနက်စကို အမျိုးသား ကော်မရှင်အတွင်းရေးမှူးချုပ် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်တို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြင်သစ် နိုင်ငံ ပါရီမြို့တွင် ကျင်းပသော (၃၉)ကြိမ်မြောက် ယူနက်စကိုအထွေထွေညီလာခံသို့ တက်ရောက်ခဲ့ကြသည်။

၃၀-၁၀-၂၀၁၇ ရက်နေ့နံနက်ပိုင်းမှစတင်၍ လက်ထောက်ကထိကများအဖြစ် ရာထူးတိုးမြှင့်ခန့်ထားခြင်း

၃၀-၁၀-၂၀၁၇ ရက်နေ့နံနက်ပိုင်းမှစတင်၍ လက်ထောက်ကထိကများအဖြစ် ရာထူးတိုးမြှင့်ခန့်ထားခြင်း

လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (မြို့ပြအင်ဂျင်နီယာ)

လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (အီလက်ထရွန်နစ်အင်ဂျင်နီယာ)

လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ)

လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (စက်မှုအင်ဂျင်နီယာ)

လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (မက္ကာထရောနစ်အင်ဂျင်နီယာ)

လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (သုတနည်းပညာအင်ဂျင်နီယာ)

လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (ဗိသုကာ)

လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (ချည်မျှင်နှင့်အထည်အင်ဂျင်နီယာ)

လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (ဒြပ်ပစ္စည်းသိပ္ပံအင်ဂျင်နီယာ)

လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (သတင်းအချက်အလက်နည်းပညာ)

လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (ကွန်ပျူတာစနစ်နှင့်နည်းပညာ)