Sunday, November 26, 2017

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအောင်မြင်ခြင်း ဂုဏ်ပြုပွဲကျင်းပ

ထားဝယ် ၂၀၁၇ နိုဝင်ဘာ ၂၄

၂၀၁၇ ခုနှစ် တနင်္သ࿿ာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ခြင်း ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီတွင် ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တနင်္သ࿿ာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းဒေသကြီးရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ အမျိုးသားပညာရေးမူဝါဒေကော်မရှင်နှင့် အမျိုးသားအဆင့် အရည်အသွေးအာမခံမှုကော်မတီတို့မှ အဖွဲ့ဝင်များ၊ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ လူမှုအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ လုပ်အားပေး ဆောင်ရွက်သည့် ကျောင်းသားကျောင်းသူများနှင့် ပညာရေးမိသားစုဝင်များ တက်ရောက်ကြ
သည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဌ၊ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က အမှာစကားပြောကြားပြီး ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ဂုဏ်ပြုစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးလူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်နှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲတို့က မြို့နယ်များအလိုက် ကိုယ်စားလှယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ထားဝယ်ခရိုင် အခြေခံပညာစာတတ် မြောက်ရေးလုပ်ငန်းတွင် တက်ရောက်သင်ကြားခဲ့သည့် ဒေသခံစာသင်သားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ခန်းမတွင်း၌ခင်းကျင်းပြသထားသည့် အခြေခံစာတတ်မြောက်ရေး အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ တနင်္သ࿿ာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကို ပညာရေးဝန်ကြီးဌာနနှင့် တနင်္သ࿿ာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ(၁၆)ရက်မှ နိုဝင်ဘာလ(၂၄)ရက်ထိ ရက်ပေါင်း(၄၀)၊ တစ်ရက်(၃)နာရီနှုန်းဖြင့် နာရီပေါင်း (၁၂၀)ကြာ သင်ကြားသင်ယူရေးဆောင်ရွက်ခဲ့သည်။ ထားဝယ်တက္ကသိုလ်မှ လုပ်အားပေးကျောင်းသား ကျောင်းသူ(၁၂၅)ဦးတို့က စာသင်သား(၅၆၄)ဦးကို စာသင်ဝိုင်း(၆၀)ဝိုင်းဖြင့် သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။











No comments:

Post a Comment