နေပြည်တော် ၂၀၁၇ နိုဝင်ဘာ ၂၅
၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ပညာရေးဝန်ကြီးဌာနရှိအရာထမ်း ၊ အမှုထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁) ၌ ကျင်းပ
ရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း တက်ရောက်အမှာစကား ပြောကြားသည်။ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည့် လူတိုင်းအကျုံးဝင်ပြီး တန်းတူညီမျှ အရည်အသွေးမြှင့်ပညာရေးကို အာမခံချက်ပေးရန်နှင့် အားလုံးအတွက် တစ်သက်တာပညာရေးကို အာမခံချက်ပေးရန်နှင့် အားလုံးအတွက် တစ်သက်တာပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးရန်အတွက် အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေးနှင့် နည်းပညာနှင့် သက်မွေးပညာရေး ကဏ္ဍဍများတိုးတက် မြင့်မားရေးကို အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေးအတွက် အခမဲ့အခြေခံပညာရေး အစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်ကြားမှုအခွင့်အလမ်း မြင့်မားရေးအတွက် နိုင်ငံတော်၏ အစီအစဉ်ဖြင့် ပညာရေးဝန်ကြီးဌာနက ကောင်းမွန်သော ဆရာများဖြင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲ၊ ပြသနာ၊ မပြည့်စုံမှုနှင့် စိန်ခေါ်မှုများကို တီထွင်ကြံဆ ဖြေရှင်း၍ ပညာရေးအရည်အသွေး မြင့်မားလာရေးအတွက် ကျောင်းအပ်နှုန်းများ မြင့်မာလာရန်၊ ကျောင်းထွက်နှုန်းများ လျော့နည်းလာရန်၊ မူလတန်းကျောင်းသားကျောင်းသူအားလုံး မူလတန်းပညာသင်ယူပြီးမြောက်ရန်နှင့် သင်ယူတတ်မြောက်မှုအရည်အသွေး ကောင်းမွန်ရန်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းကလေးများ ကျောင်းပညာရေးမှာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းဆင့်များ တစ်ဆင့်ပြီးတစ်ဆင့် ပြီးမြောက်နိုင်ရန် ထောက်ပံ့ကူညီ ပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် တာဝန်ရှိသူများက ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆ ဘာသာ (ဘာသာစုံ) ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ (၆၂)ဦးတို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဌ ဒေါက်တာတင်အောင်၊ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ပညာရေးမှူးများနှင့် ဆရာ၊ဆရာမများ၊ ၆ ဘာသာ(ဘာသာစုံ) ဂုဏ်ထူးရှင် ကျောင်းသားကျောင်းသူများနှင့် မိဘများတက်ရောက်ကြသည်။ ထို့အတူ (၅) ဘာသာ (၁၅၆)ဦး၊ (၄) ဘာသာ (၂၇၃) ဦး၊ (၃) ဘာသာ (၂၇၆) ဦး၊ (၂) ဘာသာ (၄၃၈) ဦး၊ (၁) ဘာသာ (၁၁၇၁) ဦး၊ ရိုးရိုးအောင်မြင်သူ (၅၁၂၉) ဦးတို့အား သက်ဆိုင်ရာ ဦးစီးဌာနများ အစီအစဉ်ဖြင့် ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပါကြောင်း သတင်းရရှိသည်။
No comments:
Post a Comment