ရန်ကုန် ၂၀၁၇ နိုဝင်ဘာ ၁၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂ္လာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှု သင်တန်းကျောင်း၌ ဖွင့်လှစ်ကျင်းပသည့် ဦးစီးအရာရှိများစီမံခန့်ခွဲ အုပ်ချုပ်မှုသင်တန်းအမှတ်စဉ် (၈/၂၀၁၇)သို့ သွားရောက်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆွေးနွေးပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍဍပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် အောင်မြင်မှုရှိစေရန် ပညာရေးမူဝါဒများချမှတ်ပြီး တာဝန်ယူ တာဝန်ခံ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍဍတစ်ခုလုံးကို ရည်မှန်းချက်ပန်းတိုင်သို့ရောက်ရှိစေရန် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးသည် လူ့အခွင့်အရေးဖြစ်သည့်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးကိစ္စရပ်များကို ဆောင်ရွက်ရာတွင် မသန်စွမ်းကလေးများ၊ အခက်အခဲအမျိုးမျိုးရှိ နေသူများအား ခွဲခြားမှုမရှိဘဲ ကျောင်းအပ်လက်ခံနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျောင်းထွက်သူ ပပျောက်ရေးနှင့် ကျောင်းသား ကျောင်းသူများ သင်ယူတတ်မြောက်မှုနှုန်းမြင့်မားစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မူလတန်းပညာရေးသည် ပညာရေးကဏ္ဍဍ၏အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း၊ မူလတန်းပညာသင် ယူနေသောကျောင်းသား ကျောင်းသူအားလုံး မူလတန်းပညာ သင်ယူပြီးမြောက်စေရန် အရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား စာဖတ်စွမ်းရည်ပိုမို ကောင်းမွန်လာစေရန် စာဖတ်ပြိုင်ပွဲများ ကျင်းပပေးရန် လိုအပ်ပြီး သင်ကြားသင်ယူမှုဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအားလုံး စာရေးခြင်း စာဖတ်ခြင်းနှင့် အတွက်အချက်များကို သင်ယူတတ်မြောက်ပါက အနာဂတ်ကောင်းများကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါ ကြောင်း၊ ကျောင်းသား ကျောင်းသူများ ကျောင်းတွင်တစ်ရက်ပိုနေတိုင်း ပဋိပက္ခဖြစ်လာနိုင်မှုကို ၂၀ ရာခိုင်နှုန်းလျှော့ချနိုင်ပြီး စီးပွားရေး ၁၀ ရာခိုင်နှုန်းအထိ ဝင်ငွေပိုမိုများပြား လာနိုင်ပါကြောင်း၊ ပညာရေး တိုးတက်ကောင်းမွန် လာသည်နှင့်အမျှ သေဆုံးမှုနှုန်းများလျော့ကျလာ မည်ဖြစ်ပါကြောင်း၊ ကျောင်းစာသင်ခန်းများ ဆရာ ဆရာမများနှင့် ကျောင်းသားအချိုးညီမျှရန် အရေးကြီးပါကြောင်း၊ ကျောင်းပညာရေးအရည်အသွေး မြှင့်တင်နိုင်ရန်အတွက် သင်ရိုးညွှန်းတမ်းများအဆင့်မြှင့်တင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ အရည်အသွေးပြည့်မီသော ပညာရေးဖြစ်စေရန် ဆရာ ဆရာမများ၏ အခန်းကဏ္ဍဍသည် အရေးကြီးပါကြောင်း၊ ဆရာ ဆရာမများ၏လိုအပ်ချက် အခက်အခဲ ပြဿနာများကို ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ပြီး သင်ကြားသင်ယူမှုနည်းစနစ်များ ပိုမိုကောင်းမွန်စေရန် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချပေးရမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ပညာရေးအရည်အသွေး ပိုမိုကောင်းမွန်စေရန် ကျောင်းသားမိဘများနှင့် ဆွေးနွေးမှုများပြုလုပ်ပြီး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ငွေကြေးဆိုင်ရာကိစ္စရပ်များအား ဘဏ္ဍဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ပညာရေးကဏ္ဍဍကို ရင်းနှီးမြှုပ်နှံခြင်းသည် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေရန် အရေးကြီးပါကြောင်း၊ ပညာရေးကဏ္ဍဍပိုမိုတိုးတက် ကောင်းမွန်စေရေး အားလုံးပူးပေါင်းပါဝင်ကာ တာဝန်ယူဆောင်ရွက် ကြစေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။ ထို့နောက် သင်တန်းသို့တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သင်တန်းသား သင်တန်းသူ (၂၉၂)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ နိုဝင်ဘာလ(၅)ရက်မှ နိုဝင်ဘာလ(၂၅)ရက်နေ့ အထိ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

No comments:
Post a Comment