နေပြည်တော် ၂၀၁၇ နိုဝင်ဘာ ၁၃
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ကရင်ပြည်နယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှမြင့်၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော ၂၀၁၇ ခုနှစ် ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်နေသည့် သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့သစ် အမှတ်(၃)ရပ်ကွက် စာသင်ဝိုင်းသို့ သွားရောက်ပြီး မသန်စွမ်းစာသင်သားများ သင်ကြားသင်ယူမှုများကို ကြည့်ရှု့အားပေးစကား ပြောကြားသည်။
ထိုမှတဆင့် သံတောင်ကြီးမြို့ အမှတ်(၂)ရပ်ကွက် စာသင်ဝိုင်းနှင့် သံတောင်ကြီးမြို့ အမှတ်(၃)ရပ်ကွက် စာသင်ဝိုင်းများသို့ သွားရောက်ပြီး သင်ကြားသင်ယူနေမှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စာသင်ဝိုင်းများသို့ ရောက်ရှိစဉ် စာသင်သားများအား ဗလာစာအုပ်များ၊ ခဲတံများနှင့် ဝတ်စုံများကို ပေးအပ်ချီးမြှင့်ပြီး ဒေသနှင့်လိုက်လျောညီထွေဖြစ်စေမည့် အသက်မွေးဝမ်းကျောင်းပညာများ ဆက်လက်သင်ယူနိုင်ရန် အားပေးစကားပြောကြားပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ၂၀၁၇ ခုနှစ်ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အောက်တိုဘာ(၁၄)ရက် မှနိုဝင်ဘာ(၂၂)ရက်အထိစာသင်ဝိုင်းပေါင်း(၁၁၂)ဝိုင်းမှစာသင်သား(၁၀ဝဝ)ကျော်အား ဘားအံတက္ကသိုလ်၊ တောင်ငူတက္ကသိုလ်များမှ လုပ်အားပေးကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံလုပ်အားပေးများ၊ စုစုပေါင်း(၂၂၄)ဦးတို့က အခြေခံစာစဉ်များဖြစ်သော မြန်မာ၊ သင်္ချာတို့ကို စာသင်ရက်(၄၀)အတွင်း တစ်ရက်လျှင်ပျမ်းမျှသုံးနာရီနှုန်းဖြင့် နာရီပေါင်း(၁၂၀)ကြာ သင်ကြားပေးနေကြောင်း သတင်းရရှိသည်။
No comments:
Post a Comment