Wednesday, November 22, 2017

8thModel ASEM 2017 သို့တက်ရောက်လေ့လာမည့် နိုင်ငံတကာမှ ကျောင်းသားကျောင်းသူများနေပြည်တော်သို့ ရောက်ရှိ

နေပြည်တော် ၂၀၁၇ နိုဝင်ဘာလ ၁၆

(၁၃)ကြိမ်မြောက် ASEM နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးဖြစ်သော8thModel ASEM 2017ကိုမြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာအဆိုပါအစည်းအဝေးသို့ တက်ရောက်လေ့လာမည့် နိုင်ငံတကာမှ ကျောင်းသားကျောင်းသူများသည် ယနေ့ ည ၇နာရီခွဲတွင် မော်တော်ယာဉ်များဖြင့် နေပြည်တော်ရှိမင်္ဂ္လာသီရိဟိုတယ်သို့ ရောက်ရှိလာကြရာ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှတာဝန်ရှိသူများကကြိုဆိုကြသည်။
ထို့ပြင် 8thModel ASEM 2017အစည်းအဝေးသို့ တက်ရောက်လေ့လာမည့် နိုင်ငံတကာမှကျောင်းသား ကျောင်းသူများကိုအခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများကအိုးစည်ဒိုးပတ်အဖွဲ့၊ ကျောက်ဆည်မြို့မှ ဆင်အကအဖွဲ့တို့ကအတီး၊ အမှုတ်၊ အကများဖြင့် ကြိုဆိုဖျော်ဖြေကြသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံတကာမှ ကျောင်းသားကျောင်းသူများကို ညပိုင်းတွင် မင်္ဂ္လာသီရိဟိုတယ်၌ ညစာဖြင့်တည်ခင်းဧည့်ခံသည်။ ထို့နောက် Asia-Europe Foundation(ASEF), Education Departmentမှ Director Ms.Leonie NAGARAJAN နှင့် Project Coordinator Mr. Oscar BOIJE တို့က8th Model ASEM ၏အစီအစဉ်နှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြကြသည်။ အဆိုပါ အစည်းအဝေးသို့ ASEM အဖွဲ့ဝင်နိုင်ငံပေါင်း (၅၁)နိုင်ငံမှ ကျောင်းသားကျောင်းသူများအပါအဝင် မြန်မာနိုင်ငံအတွင်းရှိပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကျောင်းသားကျောင်းသူ (၅၆)ဦးတို့သည် နိုဝင်ဘာ ၁၇ ရက်မှ ၂၀ရက်အထိ ကျင်းပမည့် 8th Model ASEM 2017 အစည်းအဝေးသို့ တက်ရောက်လေ့လာကြမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။








No comments:

Post a Comment