ရန်ကုန် ၂၀၁၇ အောက်တိုဘာ ၃၀
ဆရာအတတ်ပညာ သင်ရိုးညွှန်းတမ်းပြောင်းလဲခြင်း အထောက်အကူပြုမည့် ဘက်စုံလွှမ်းခြုံသော ဆရာများနှင့်ဆိုင်သော မူဝါဒရေးဆွဲရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌဌ ဦးညီလှငယ်နှင့်အဖွဲ့ဝင်များ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေး ကော်မတီဥက္ကဋ္ဌဌ၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌဌ၊ UNESCO Paris၊ Teacher Task Force မှ Project Officer Ms. Diane၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ပညာရေးကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ UNESCO Myanmar မှ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် Sustainable Development Goad 4 ကို ရရှိရန် ဆရာများသည် အဓိကကျ ကြောင်းနှင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရာတွင် ဆရာအတတ်ပညာကဏ္ဍဍကို ပိုမိုဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆရာအရည်အသွေးမြှင့်တင်ရန် မူဘောင်တစ်ခုချမှတ်၍ တိကျသော မူဝါဒများ၊ စီမံကိန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စနစ်တို့ကို တိကျစွာ သတ်မှတ်ထားရန် လိုအပ်ပါကြောင်း၊ ဆရာများမွေးထုတ်ခြင်း၊ လေ့ကျင့်ခြင်း၊ ခန့်ထားခြင်း၊ ဆရာများ လုပ်ငန်းခွင်တွင် ဆက်လက်တည်တံ့စေခြင်း စသည်တို့နှင့်ပတ်သက်၍ တိကျသော လမ်းညွှန်ချက်များစသည့် ဘက်စုံလွှမ်းခြုံသော ဆရာများနှင့်ဆိုင်သော မူဝါဒသည် အရေးကြီးပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)တွင် ဖော်ပြထားသည့်အတိုင်း လက်ရှိပညာရေး ကောလိပ်များကို ၄ နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ မူလတန်းဆရာများ၏အရည်အသွေးကို တိုးမြှင့်ရန်ဖြစ်ကြောင်း၊ ဆရာအတတ်ပညာကဏ္ဍဍတွင် ဆရာများနှင့်ဆိုင်သော မူဝါဒတစ်ရပ်ချမှတ်ရန် လိုအပ်ကြောင်းနှင့် ဆရာအတတ်ပညာ စီမံခန့်ခွဲမှုနှင့် အရည်အသွေး အာမခံမှုရှိရေးကို လိုအပ်သော ပူးပေါင်းဖြည့်ဆည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် အမျိုးသားပညာရေးမူဝဒါကော်မရှင် ဒုတိယဥက္ကဋ္ဌဌ ဦးညီလှငယ် နှင့် UNESCO Myanmar မှ Dr. Dagny တို့က အမှာစကားပြောကြားသည်။ ယင်းနောက် Ms. Diane က Components of a comprehensive teacher policy and how to develop it ခေါင်းစဉ်ဖြင့် ပြောကြားရာ တက်ရောက်လာကြသူများက ဆွေးနွေးခဲ့ကြပြီး Teacher Policy နှင့်ဆိုင်သော အကြောင်းအရာများနှင့် ပတ်သက်၍ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌဌ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်မှ ကိုယ်စားလှယ်၊ ဆရာအတတ်ပညာ စံအညွှန်းဘောင်ရေးဆွဲရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌဌ၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် ပညာရေးကောလိပ်များမှ ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက မေးမြန်းအကြံပြုခဲ့ကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသည် ဘက်စုံလွှမ်းခြုံနိုင်သော ဆရာများနှင့်ဆိုင်သော မူဝါဒတွင် ပါဝင်ရမည့် အရေးကြီးသော အခန်းကဏ္ဍဍများကို စဉ်းစားရန်နှင့် ဆရာ ဆရာမများနှင့်ဆိုင်သော မူဝါဒ၏အရေးပါမှုကို နားလည်သိရှိလာစေရန်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment