ရန်ကုန် ၂၀၁၇ နိုဝင်ဘာ ၁၈
၂၀၁၆ -၂၀၁၇ ခုနှစ် အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်ရုံးခွဲနှင့်မန္တလေးရုံးခွဲ ဦးစီးအဆင့်တက္ကသိုလ်များ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကို ယနေ့မွန်းတည့် ၁၂ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် အားကစားခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။
ရှေးဦးစွာ သုံးယောက်တွဲ ပိုက်ကျော်ခြင်း ဗိုလ်လုပွဲကို အောက်မြန်မာပြည် တက္ကသိုလ်များအသင်းနှင့် အထက် မြန်မာပြည် တက္ကသိုလ်များအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အောက်မြန်မာပြည်အသင်းက အနိုင်ရ ဗိုလ်စွဲခဲ့သည်။ ထို့နောက် ဒဂုံတက္ကသိုလ် ပထဝီဝင်ဌာန ပါမောက္ခဌာနမှူးက မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒိုင်အဖွဲ့ဝင်များ အချိုရည်များပံ့ပိုးကူညီပေးကြသည့် ကောင်းထက်မြန်မာ Manufacturing and Distribution Co;Ltd.(ရန်ကုန်)နှင့် ဆေးဝါးနှင့်ကျန်းမာရေးစောင့်ရှောက်မှု အသုံးအဆောင် ပစ္စည်းများ ကူညီပံ့ပိုးသည့် DKSH Medical Co;Ltd. တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်တာဝန်ရှိသူများက တံခွန်စိုက်ဆုဖလား ပထမရရှိသည့် အောက်မြန်မာပြည်တက္ကသိုလ်များအသင်းနှင့် ဒုတိယရရှိသော အထက် မြန်မာပြည် တက္ကသိုလ်များအသင်းတို့အား တံခွန်စိုက်ဆုများချီးမြှင့်ပြီး အသင်းအလိုက်နှင့် တစ်ဦးချင်းစီအလိုက် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ ပြိုင်ပွဲတွင် အမျိုးသမီးနှစ်ယောက်တွဲ ဒုတိယဆု၊ အမျိုးသားနှစ်ယောက်တွဲ ဒုတိယဆု၊ အမျိုးသမီး သုံးယောက်တွဲ ဒုတိယဆု၊ အမျိုးသားသုံးယောက်တွဲ ဒုတိယဆု၊ အမျိုးသားနှစ်ယောက်တွဲ အသင်းလိုက် ဒုတိယဆု၊ အမျိုးသားသုံးယောက်တွဲ အသင်းလိုက် ဒုတိယဆုများကို အထက်မြန်မာပြည်တက္ကသိုလ်များ အသင်းကလည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲ ပထမဆု၊ အမျိုးသားနှစ်ယောက်တွဲ ပထမဆု၊ အမျိုးသမီး သုံးယောက်တွဲ ပထမဆု၊ အမျိုးသားသုံးယောက်တွဲ ပထမဆု၊ အမျိုးသားနှစ်ယောက်တွဲ အသင်းလိုက် ပထမဆု၊ အမျိုးသားသုံးယောက်တွဲ အသင်းလိုက် ပထမဆုများကို အောက်မြန်မာပြည်တက္ကသိုလ်များ အသင်းက လည်းကောင်း၊ အမျိုးသားအကောင်းဆုံး ရိုက်ချက်ဆုကို အထက်မြန်မာပြည်တက္ကသိုလ်များ အသင်းမှ မောင်ရန်နိုင်ထွေးနှင့် အမျိုးသမီးအကောင်းဆုံးရိုက်ချက်ဆုကို အထက်မြန်မာပြည်တက္ကသိုလ်များ အသင်းမှ မဆုမြတ်အောင်က လည်းကောင်း၊ အမျိုးသားအကောင်းဆုံး ပင့်ထောင်ဆုကို အောက်မြန်မာပြည် တက္ကသိုလ်များအသင်းမှ မောင်သိန်းထိုက်အောင်ကလည်းကောင်း၊ အမျိုးသမီးအကောင်းဆုံး ပင့်ထောင်ဆုကို အောက်မြန်မာပြည်တက္ကသိုလ်များ အသင်းမှ မအေးအေးသန်းကလည်းကောင်း၊ အမျိုးသား အကောင်းဆုံး စပေးဘောဆုကို အထက်မြန်မာပြည်တက္ကသိုလ်များအသင်းမှ မောင်အောင်ပြည့်ဖြိုးကလည်းကောင်း၊ အမျိုးသမီး အကောင်းဆုံး စပေးဘောဆုကို အောက်မြန်မာပြည်တက္ကသိုလ်များ အသင်းမှ မနွယ်နွယ်ဦးက လည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆု (အမျိုးသား)ကို အောက်မြန်မာပြည်တက္ကသိုလ် များအသင်းမှ မောင်အောင်နိုင်ဦး ကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု (အမျိုးသမီး)အောက်မြန်မာပြည်မှ မငြိမ်းချမ်းသူတို့က လည်းကောင်း ရရှိခဲ့ကြောင်း သိရသည်။
No comments:
Post a Comment