Wednesday, November 22, 2017

8th Model ASEM 2017၊လုပ်ငန်းအဖွဲ့များအကြောင်းအရာအလိုက် ဆွေးနွေးခြင်းနှင့်အပြန်အလှန်ဆွေးနွေးခြင်း ဆက်လက်ကျင်းပ

နေပြည်တော် ၂၀၁၇ နိုဝင်ဘာလ ၁၈

8thModel ASEM 2017 ၊ လုပ်ငန်းအဖွဲ့များအကြောင်းအရာအလိုက်ဆွေးနွေးခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများကို ယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ-၂ (MICC-||) ၌ ဆက်လက်ကျင်းပသည်။
ထို့နောက် အဓိကအကြောင်းအရာ ခေါင်းစဉ်(၃)ခုဖြစ်သည့် မိတ်ဖက်ပြုမှု၊ ငြိမ်းချမ်းရေးနှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်စပ်လျဉ်း၍ အာရှ-ဥရောပနိုင်ငံများ အစည်းအဝေးဆက်သွယ်မှုကြောင့် တီထွင်ဆန်းသစ်မှုနှင့် သတင်းနှင့်ဆက်သွယ်ရေး နည်းပညာနှင့်ဆိုင်ရာအကြောင်းအရာများ၊ ပညာရေး၊ ကျွမ်းကျင်မှု၊ လေ့ကျင့်မှုနှင့်ဥရောပလူငယ်များကဏ္ဍဍဆိုင်ရာ အကြောင်းအရာများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှုဆိုင်ရာအကြောင်းအရာများ၊ ရွှေ့ပြောင်းသွားလာခြင်း၏စိန်ခေါ်မှုများနှင့် အခွင့်အလမ်းဆိုင်ရာအကြောင်းအရာများ၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးဆိုင်ရာ အကြောင်းအရာများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အကြောင်းအရာများတို့ကို ဆွေးနွေးကြသည်။ ဆက်လက်၍ 8th Model ASEM လူငယ်များအကြားအပြန်အလှန်ဆွေးနွေးပွဲများပြုလုပ်ပြီး အုပ်စုတစ်အုပ်စုချင်းစီ၏ဆွေးနွေးချက်များပေါ်တွင် ရရှိသည့်ထုတ်ပြန်ချက်များ အတည်ပြုခြင်းလုပ်ငန်းစဉ်များကို လေ့ကျင့်ဆောင်ရွက်ကြကြောင်း သတင်းရရှိပါသည်။









No comments:

Post a Comment