Wednesday, November 22, 2017

(၈)ကြိမ်မြောက်အာရှ-ဥရောပအစည်းအဝေးပုံစံတူဆွေးနွေးပွဲ (8th Model ASEM 2017)နှင့် ပိတ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၂၀၁၇ နိုဝင်ဘာ၁၉


(၈)ကြိမ်မြောက်အာရှ-ဥရောပအစည်းအဝေးပုံစံတူဆွေးနွေးပွဲ (8th Model ASEM 2017)ပိတ်ပွဲအခမ်းအနားကို ယနေ့ နံနက်၉နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်းဗင်းရှင်းဗဟိုဌာန-၂(MICC- II)၌ ကျင်းပသည်၊ ရှေးဦးစွာ 8th Model ASEM ဥက္ကဋ္ဌဌ၏ ထုတ်ပြန်ကြေငြာချက်အပေါ် ဆွေးနွေးခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် အပြီးသတ်ဆွေးနွေးခြင်းများကိုပြုလုပ်ပြီး သက်ဆိုင်ရာကိုယ်စာလှယ်များအလိုက် အမှားစကားပြောကြားသည်။
ထို့နောက် ပိတ်ပွဲအခမ်းအနားကို နေ့လယ် ၂နာရီတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး၊ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့မှ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌဌများနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ အာရှ-ဥရောပနိုင်ငံများမှ 8th Model ASEM 2017တက္ကသိုလ်ကျောင်းသားလူငယ်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ အထူးဧည့်သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အာရှ-ဥရောပလူငယ်များအစုအဖွဲ့အလိုက် ဆွေးနွေးခဲ့ကြသည့် မိတ်ဖက်ဆက်ဆံရေး၊ ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဟူသည့် ခေါင်းစဉ်သုံးခုသည် ‘ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်ဆက်ဆံမှုကိုခိုင်မြဲအောင် တိုးမြှင့်ကြပါစို့’ ဟူသည့် ၈ကြိမ်မြောက် အာရှ-ဥရောပအစည်းအဝေးပုံစံတူဆွေးနွေးပွဲ၏ ဆောင်ပုဒ်နှင့်ကိုက်ညီပါကြောင်း၊ ပါဝင်ဆွေးနွေးသူလူငယ်များက ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ နယ်စပ်ဖြတ်ကျော်မှုခင်းများဆိုင်ရာစိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့်နည်လမ်းများကို ဆွေးနွေးခဲ့ကြပြီး လူတိုင်း၏လူမှုဘဝ သာယာရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများကိုပိုမိုတိုးချဲ့သင့်ကြောင်း၊ ရင်ဆိုင်နေရသောပြဿနာများ၊ ပဋိပက္ခများကို အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြန်အလှန်နားလည်မှုထားရှိခြင်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်များ လုံခြုံမှုရှိစေရန် မူဘောင်(သို့မဟုတ်)အစီအစဉ်တစ်ခုကို ချမှတ်စေလိုကြောင်းနှင့် နိုင်ငံအားလုံးတွင် အင်တာနက်များရရှိစေရန်ကိုလည် ဆွေးနွေးခဲ့ကြကြောင်း၊ ပညာရေးနှင့်စွမ်းရည်မြှင့်တင်ရေးအတွက် အာဆီယံနိုင်ငံများအကြား၊ အာဆီယံနိုင်ငံများနှင့်ဥရောပနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သင့်ပါကြောင်း၊ အာရှ-ဥရောပမှကျောင်းသားလူငယ်များအကြား အပြန်အလှန်ရွှေ့ပြောင်း သင်ယူမှုဆိုင်ရာအစီအစဉ်များကို မြှင့်တင်ရန်လိုအပ်ပါကြောင်း၊ မသန်စွမ်းကျောင်းသား ကျောင်းသူများ၊ နယ်စပ်ဒေသများရှိကျောင်းသားကျောင်းသူများ၊ ပညာသင်ယူရန်အခွင့်အလမ်းနည်းပါးသူများအတွက် ပညာသင်ယူမှုအခွင့်အလမ်းရရှိရန်၊ အရည်အသွေးမြင့်ပညာရေးရရှိရန်နှင့် လူတိုင်းအကြုံဝင် ပညာရေးကို မြှင့်တင်ရန်လိုအပ်ပါကြောင်း ဆွေးနွေးခဲ့ကြကြောင်း၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ကျား မ တန်းတူညီမျှရေးအတွက် မဟာဗျူဟာမူဘောင်တစ်ခုချမှတ်ရန်နှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုအတွက် ရန်ပုံငွေတစ်ခုထူထောင်ရန်လိုအပ်ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်သို့ရောက်ရှိရန် အသိပညာဖလှယ်ခြင်းနှင့် မိတ်ဖက်ဆက်ဆံရေးတို့ကို တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြု၍အစိမ်းရောင်စွမ်းအင်ကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သင့်ကြောင်း၊ နေစွမ်းအင်အသုံးပြမှု နှင့်လေစွမ်းအင်အသုံးပြုမှုတို့၏ အကျိုးတရားကို နှိုင်းယှဉ်ဆွေးနွေးခဲ့ကြကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် အကြောင်းအရာခေါင်းစဉ်လိုက် မျက်နှာစုံညီဆွေးနွေးပွဲများမှ လူငယ်များ၏ညှိနှိုင်းဆွေးနွေးမှုစွမ်းရည်နှင့် စကားရည်လု စွမ်းရည်များတိုးတက်လာပြီး အပြန်အလှန်နားလည်မှုများ ပိုမိုရရှိလာပါကြောင်း၊ နှစ်ဖွဲ့စုံညီဆွေးနွေးပွဲများမှ သဘောထားကွဲလွဲမှုများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများကိုညှိနှိုင်းကာ သဘောတူညီမှုတစ်ခုရသည်အထိ ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများရရှိခဲ့သည့်အပြင် ဘုံသဘောတူညီမှုထုတ်ပြန်ချက်တစ်ရပ်ကို ပြုစုနိုင်ခဲ့ပါကြောင်းဖြင့် ထည့်သွင်းရှင်းလင်းခဲ့ပါသည်။ ဆက်လက်၍ (၈)ကြိမ်မြောက် အာရှဥရောပ အစည်းအဝေးပုံစံတူဆွေးနွေးပွဲ ကိုယ်စာလှယ်အဖွဲ့ဥက္ကဋ္ဌဌက ဆွေးနွေးပွဲရလဒ်ဖြစ်သည့် ဘုံသဘောတူညီမှုထုတ်ပြန်ချက်ကို ပြည်ထောင်စုဝန်ကြီးအား လွှဲပြောင်းပေးအပ်သည်။ အာရှ-ဥရောပဖောင်ဒေးရှင်း (Asia-Europe Foundation-ASEF) Executive Director, Ambassador MrKarsten WARNECKE က နိဂုံးချုပ်စကားပြောကြားပြီး 8th Model ASEM အခမ်းအနားသတင်းစာရှင်းလင်းပွဲကို ASEM နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကဲ့သို့ ပုံစံတူပြုလုပ်ကျင်းပသည်။ ထို့နောက် ၁၃ကြိမ်မြောက် ASEMနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည့် 8th Model ASEMမှ လူငယ်များ၏ ပါဝင်ဆွေးနွေးမှုအပေါ် ညှိနှိုင်းဆွေးနွေးကြသည်။ ဆက်လက်၍ 8th Model ASEM 2017 အခမ်းအနားဆုပေးပွဲနှင့် အောင်မြင်စွာပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲအစီအစဉ်ကိုကျင်းပပြီး အခမ်းအနားရုပ်သိမ်းလိုက်သည်။ ၁၄ကြိမ်မြောက် ASEMနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ၂၀၁၉ခုနှစ်တွင် စပိန်နိုင်ငံ၌ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။












No comments:

Post a Comment