Friday, December 28, 2018

မန္တလေးတက္ကသိုလ်၊ သမိုင်းဌာန၊ ဒေါက်တာသန်းထွန်းအထိမ်းအမှတ်သမိုင်းဌာနပြတိုက်ဖွင့်ပွဲကျင်းပ

နေပြည်တော် ၂၀၁၈ ဒီဇင်ဘာ ၂၇






























မန္တလေးတက္ကသိုလ်၊ သမိုင်းဌာန၊ ဒေါက်တာသန်းထွန်းအထိမ်းအမှတ် သမိုင်းဌာနပြတိုက် ဖွင့်ပွဲ အခမ်းအနားကို ၂၇၊ ၁၂၊ ၂၀၁၈ ရက်နေ့ နံနက် ၉ နာရီတွင် မန္တလေးတက္ကသိုလ် သမိုင်းဌာနတွင် ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြန်မာ့သမိုင်းကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးလှနှင့် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်း တို့က မန္တလေးတက္ကသိုလ်၊ သမိုင်းဌာနပြတိုက်အားဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။

Thursday, December 27, 2018

ဒဂုံတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၂၀၁၈ ဒီဇင်ဘာ ၂၆

































ဒဂုံတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက် ၉ နာရီတွင် ရန်ကုန် မြို့ ဒဂုံတက္ကသိုလ်၌ ကျင်းပသည်။ ရှေးဦးစွာဒဂုံတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီးရန်ကုန်တိုင်းဒေကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။