နေပြည်တော် ၂၀၁၈ ဒီဇင်ဘာ ၉
(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ အားကစားအဖွဲ့ များ ကြိုဆိုပွဲနှင့်အလံတင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် အားကစားရွာ ၌ ကျင်းပသည်။
ရှေးဦးစွာ တက္ကသိုလ်အားကစားသမားများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံ၊ အာဆီယံတက္ကသိုလ်များ အားကစားကောင်စီအလံနှင့် (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ် များ အားကစားအလံတို့ကို လွှင့်ထူကြပြီး ပြိုင်ပွဲဝင်နိုင်ငံများ၏အလံများကို အစဉ်လိုက် ဆက်လက်လွှင့်ထူကြသည်။ ထို့နောက် (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ တက္ကသိုလ်များ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာသိန်းဝင်းနှင့် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားကောင်စီ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Muhamad Mohd Hanif တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။ ယင်းနောက် မြန်မာနိုင်ငံ တက္ကသိုလ်များအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြိုင်ပွဲဝင်နိုင်ငံများ၏ အသင်းခေါင်းဆောင်များကို (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစား ပြိုင်ပွဲ၏ လာဘ်ကောင် ဧရာဝတီလင်းပိုင်အရုပ်များကို အမှတ်တရပေးအပ်သည်။
No comments:
Post a Comment