နေပြည်တော် ၂၀၁၈ ဒီဇင်ဘာ ၁၀
(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲ ခြင်းလုံးပြိုင်ပွဲကို တတိယနေ့ကို ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ဆက်လက် ကျင်းပသည်။
ပထမပြိုင်ပွဲအဖြစ် ထိုင်းအသင်းနှင့်လာအိုအသင်း တို့ယှဉ်ပြိုင်ကစားကြရာ ထိုင်းအသင်းက လာအိုအသင်းကို စုစုပေါင်း ၂၈၁ မှတ် ၁၂၈ မှတ်ဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းနှင့်မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မလေးရှားအသင်းက မြန်မာအသင်းကို စုစုပေါင်း (၂၁၂)မှတ် (၂၀၂)မှတ် ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြသည်။ ယင်းနောက် တတိယနေရာလုပွဲတွင် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက လာအိုအသင်းကို စုစုပေါင်း (၂၀၄)မှတ် (၁၉၁) မှတ်ဖြင့် အနိုင်ရရှိကာ တတိယ ရရှိခဲ့သည်။ ထို့နောက် ဗိုလ်လုပွဲအဖြစ် ထိုင်းအသင်းနှင့် မလေးရှားအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ထိုင်းအသင်းက မလေးရှားအသင်းကို (၃၀၅) မှတ် (၂၀၉)မှတ်ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ပြီး ပထမဆု ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment