Thursday, December 20, 2018

ပညာရေးဝန်ကြီးဌာန အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၁)၏ ကာလလတ်ပြန်လည်သုံးသပ်မှု (Mid-Term Review-MTR) ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
























နေပြည်တော် ၂၀၁၈ ဒီဇင်ဘာ ၁၉

ပညာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်း( ၂၀၁၆-၂၁)၏ ကာလလတ်ပြန်လည်သုံးသပ်မှုလုပ်ငန်း (Mid-Term Review-MTR) ပထမအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ M-Gallery ဟိုတယ်တွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပညာရေးအရာရှိများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန နည်းပညာအသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၁)၏ ကာလတစ်ဝက်ဖြစ်သော (၂)နှစ်ခွဲကာလအတွင်း ဦးစီးဌာနများ၏ အကောင်အထည်ဖော် ဆေင်ရွက်ခဲ့သော ရလဒ်များအပေါ်မူတည်ပြီး ပြန်လည်သုံးသပ်မှုများပြုလုပ်ရန် လိုအပ်ပါကြောင်း၊ နှစ်အလိုက် စွမ်းဆောင်ရည်ပြန်လည်သုံးသပ်မှု လုပ်ငန်းစီမံကိန်း(၂၀၁၆-၁၇)နှင့်(၂၀၁၇-၁၈) အစီရင်ခံစာ(၂)အုပ် ပြုစုပြီးဖြစ်ပါကြောင်း၊ ကာလလတ်ပြန်လည်သုံးသပ်မှု လုပ်ငန်းသည်လည်း အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၁)၏ အခန်း(၁၃) မဟာဗျူဟာ(၂)၊ လုပ်ငန်းအစီအစဉ်(၂)အရ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ပြန်လည်သုံးသပ်ပြင်ဆင်ရာတွင် လက်ရှိထွက်ရှိထားသော အစီရင်ခံစားများ၊ SSWG အဖွဲ့များက သုံးသပ်ထားသောအစီရင်ခံစာများ၊ ဦးစီးဌာနများက သုံးသပ်ထားသော အစီရင်ခံစာများလိုအပ်ပါကြောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများကလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆွေးနွေးပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန)၊ ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဒေါက်တာစိုင်းကျော်နိုင်ဦးက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ကာလလတ်ပြန်လည်သုံးမှု လုပ်ငန်းလမ်းညွှန်ချက်(မူကြမ်း)ကို power point ဖြင့်လည်းကောင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဦးကိုလေးဝင်းက (Mid-Term Review-MTR) နှင့်ပတ်သက်၍လည်းကောင်းရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက ဝိုင်းဖွဲ့ဆွေးနွေး အကြံပြုကြသည်။

No comments:

Post a Comment