Thursday, December 13, 2018

စတုတ္ထနေ့ ခြင်းလုံးအားကစားပြိုင်ပွဲမှ မြန်မာအသင်း ဒုတိယမြောက် ရွှေတံဆိပ်ဆွတ်ခူး

နေပြည်တော် ၂၀၁၈ ဒီဇင်ဘာ ၁၁



















(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲ စတုတ္ထနေ့ ခြင်းလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ကျင်းပသည်။
ပထမပြိုင်ပွဲအဖြစ် ထိုင်းအသင်းနှင့်လာအိုအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ လာအိုအသင်းက ထိုင်းအသင်းကို စုစုပေါင်း ၁၁၅ မှတ် ၇၅ မှတ်ဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်အဖြစ် မြန်မာနှင့်မလေးရှားတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက မလေးရှားအသင်းကို စုစုပေါင်း (၁၄၃)မှတ် (၅၄)မှတ် ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြသည်။ ယင်းနောက် တတိယနေရာလုပွဲတွင် ထိုင်းအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ထိုင်းအသင်းက မလေးရှားအသင်းကို (၇၈)မှတ် (၆၀) မှတ်ဖြင့် အနိုင်ရရှိကာ တတိယ ရရှိခဲ့သည်။ ထို့နောက် ဗိုလ်လုပွဲအဖြစ် မြန်မာအသင်းနှင့် လာအို အသင်းတို့ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက လာအို အသင်းအား (၁၅၀) မှတ် (၁၂၄)မှတ်ဖြင့်အနိုင်ရရှိပြီး ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ပြိုင်ပွဲအပြီးတွင် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ချုပ်ရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများက တတိယရရှိသော ထိုင်းနိုင်ငံအသင်း၊ ဒုတိယ ရရှိသော လာအိုနိုင်ငံအသင်းနှင့် ပထမရရှိသောမြန်မာနိုင်ငံအသင်းအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment