Wednesday, December 19, 2018
၂၀၁၉ ခုနှစ်၊ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာပြုစုရေး ဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် ၂၀၁၈ ဒီဇင်ဘာ ၁၈
၂၀၁၉ ခုနှစ်၊ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာပြုစုရေး ဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)တွင် ကျင်းပသည်။
ရှေးဦးစွာ ၂၀၁၉ ခုနှစ်၊ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမော်ထွန်းက အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၁၉ ခုနှစ်၊ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဒေါက်တာသိန်းဝင်းက ပြည်ထောင်စုနေ့ သ၀ဏ်လွှာ ပြုစုရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက သ၀ဏ်လွှာအား ညှိနှိုင်းဆွေးနွေး အတည်ပြုကြသည်။ ယနေ့ အစည်းအဝေးသို့ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment