ဒီဇင်ဘာ ၂၀၁၈ ၉
နေပြည်တော်၌ ကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ခြင်းလုံးပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့ ဆက်လက်ကျင်းပရာ မြန်မာခြင်းလုံး အသင်းသည် ငွေတံဆိပ်တစ်ခု ထပ်မံ ဆွတ်ခူးရရှိခဲ့သည်။
ပြိုင်ပွဲဒုတိယနေ့တွင် Event-2 ပြိုင်ပွဲ ကျင်းပခဲ့ပြီး လာအိုအသင်းက ရွှေတံဆိပ်ဆွတ်ခူးကာ မြန်မာအသင်းက ငွေတံဆိပ်၊ ထိုင်းအသင်းက ကြေးတံဆိပ် ရခဲ့သည်။ ပြိုင်ပွဲတွင် မြန်မာ၊ လာအို၊ ထိုင်း နှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုပွဲများတွင် မြန်မာအသင်းက ၁၈၂ မှတ်၊ လာအိုအသင်းက ၁၇ဝ၊ မလေးရှားအသင်းက ၁၂၈ မှတ်၊ ထိုင်း အသင်းက ၉၉ မှတ်ရခဲ့ပြီး အမှတ်အများ ဆုံးရသည့် မြန်မာနှင့် လာအိုအသင်းမှာ ဗိုလ်လုပွဲ ကစားခဲ့ရသည်။ ဗိုလ်လုပွဲတွင် လာအိုအသင်းက မြန်မာအသင်းကို ၁၈၇-၁၇၉ မှတ်ဖြင့် အနိုင်ရကာ ရွှေတံဆိပ်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ တတိယလုပွဲတွင် ထိုင်းအသင်း က ၁၅၁-၁၂၈ မှတ်ဖြင့် မလေးရှားအသင်း ကို အနိုင်ရကာ ကြေးတံဆိပ်ရခဲ့သည်။ ခြင်းလုံးပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုး အစားနှစ်မျိုး ကျင်းပပြီးစီးသွားပြီး မြန်မာနှင့် လာအိုအသင်းက ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုစီ၊ ထိုင်းအသင်းက ကြေးတံဆိပ်နှစ်ခု ရထားသည်။ ပြိုင်ပွဲတတိယ နေ့ကို ဒီဇင်ဘာ ၁ဝ ရက် (ယနေ့) ဆက်လက်ကျင်းပမည် ဖြစ်သည်။
No comments:
Post a Comment