နေပြည်တော် ၂၀၁၈ ဒီဇင်ဘာ ၁၈
( ၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ၏အားကစားပြိုင်ပွဲ ဗိုဗီနမ်ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ဆက်လက်ကျင်းပရာ အသင်းလိုက်(၄)ယောက်တွဲ (ကျား မ) ပြိုင်ပွဲတွင် လာအိုက ပထမ ၊ ကမ္ဘောဒီးယားက ဒုတိယ၊ မြန်မာက တတိယဆုတို့ကိုလည်းကောင်း၊ အမျိုးသမီး (၂)ယောက်တွဲ အတိုက်အပြပြိုင်ပွဲတွင် ဗီယက်နမ် ပထမက ကမ္ဘောဒီးယားနှင့်လာအိုတို့က ပူးတွဲ ဒုတိယ၊ မြန်မာ တတိယဆုတို့ကိုလည်းကောင်း၊ အမျိုးသားတစ်ကိုယ်တော်လက်အပြ ကျား ပြိုင်ပွဲတွင် အင်ဒိုနီးရှား ပထမ၊ မြန်မာ ဒုတိယ၊ ကမ္ဘောဒီးယား တတိယဆုတို့ကိုလည်းကောင်း၊ အမျိုးသား (၅၄)ကီလိုတန်ပြိုင်ပွဲတွင် ကမ္ဘောဒီးယား ပထမ၊ မြန်မာ ဒုတိယဆုတို့ကိုလည်းကောင်း၊ အမျိုးသမီး (၅၄)ကီလိုတန် ပြိုင်ပွဲတွင် ဗီယက်နမ် ပထမ၊ ကမ္ဘောဒီးယား ဒုတိယ၊ ထိုင်း တတိယ ဆုတို့ကိုလည်းကောင်း ဆုများအသီးသီးရရှိကြသည်။
No comments:
Post a Comment