Monday, December 3, 2018

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ မြန်မာလက်ရွေးစင် အားကစားသမားများအတွက် အလှူငွေပေးအပ်လှူဒါန်း

နေပြည်တော် ၂၀၁၈ ဒီဇင်ဘာ ၃











(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် အားကစားသမားများ အောင်မြင်မှုရရှိနိုင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အ
စည်းအဝေးခန်းမ၌ ကျင်းပရာ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများကလှူဒါန်းသော အလှူငွေကျပ်သိန်း(၁၀၀) ကျပ်သိန်း တစ်ရာတိတိနှင့် အင်အားပြည့် ကြက်ဥ (၃၂၀၆)လုံးတို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က လှူဒါန်း ပေးအပ်ရာ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို နေပြည်တော်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်မှ ၁၉ ရက်အထိ (၁၀)ရက်ကြာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမည်ဖြစ်ပြီး အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမား ၂၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အားကစားနည်း ၁၇ နည်းကို ပြိုင်ပွဲပေါင်း ၂၀၁ မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment