Monday, October 30, 2017
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (ကွန်ပျူတာသိပ္ပံ)
လက်ထောက်ကထိက ရာထူးတိုးမြှင့်ခန့်ထားခြင်း (အင်ဂျင်နီယာဘူမိဗေဒ)
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (ဓာတုဗေဒ)
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (ရူပဗေဒ)
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (သင်္ခ࿿ျာ)
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (အင်္ဂ္လိပ်စာ)
လက်ထောက်ကထိက ရာထူးတိုးမြှင့်ခန့်ထားခြင်း (ရူပဗေဒ)
လက်ထောက်ကထိက ရာထူးတိုးမြှင့်ခန့်ထားခြင်း (သင်္ခ࿿ျာ)
လက်ထောက်ကထိက ရာထူးတိုးမြှင့်ခန့်ထားခြင်း (အင်္ဂ္လိပ်စာ)
လက်ထောက်ကထိက ရာထူးတိုးမြှင့်ခန့်ထားခြင်း (မြန်မာစာ)
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (မြန်မာစာ)
ဆရာအတတ်ပညာ သင်ရိုးညွှန်းတမ်းပြောင်းလဲခြင်း အထောက်အကူပြုမည့် ဘက်စုံလွှမ်းခြုံသော ဆရာများနှင့် ဆိုင်သော မူဝါဒရေးဆွဲရေး ဆွေးနွေးပွဲကျင်းပ
ရန်ကုန် ၂၀၁၇ အောက်တိုဘာ ၃၀
ဆရာအတတ်ပညာ သင်ရိုးညွှန်းတမ်းပြောင်းလဲခြင်း အထောက်အကူပြုမည့် ဘက်စုံလွှမ်းခြုံသော ဆရာများနှင့်ဆိုင်သော မူဝါဒရေးဆွဲရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌဌ ဦးညီလှငယ်နှင့်အဖွဲ့ဝင်များ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေး ကော်မတီဥက္ကဋ္ဌဌ၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌဌ၊ UNESCO Paris၊ Teacher Task Force မှ Project Officer Ms. Diane၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ပညာရေးကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ UNESCO Myanmar မှ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (အင်ဂျင်နီယာဘူမိဗေဒ)
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (ဇီဝနည်းပညာ)
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (လေကြောင်းအင်ဂျင်နီယာ)
မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဆု (၂၀၁၆)နှင့် တစ်ဆယ့်ခုနစ်ကြိမ်မြောက် သုတေသနအကောင်းဆုံးစာတမ်းဆု ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ရန်ကုန် ၂၀၁၇ အောက်တိုဘာ ၃၀
မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဆု(၂၀၁၆)နှင့် တစ်ဆယ့်ခုနစ်ကြိမ်မြောက် သုတေသန အကောင်းဆုံးစာတမ်းဆု ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ၁၉၉၁ ခုနှစ်မှ စတင်တည်ထောင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့သည် ယခုအခါ သက်တမ်း(၁၈) နှစ်ကျော် ခိုင်မာစွာရပ်တည်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့သည် ရည်ရွယ်ချက်(၅)ရပ်ကို အခြေခံကာ လုပ်ငန်းတာဝန်(၈)ရပ်အပေါ် အခြေခံပြီး လုပ်ငန်းအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းကာ နိုင်ငံတော်၏ဖွံ့ဖြိုး တိုးတက်ရေး တည်ဆောက်ရာတွင် လိုအပ်သည့် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်အတွက် အားထားရာ တက္ကသိုလ် ပညာရပ်များဖွံ့ဖြိုးရန်အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် သုတေသနလုပ်ငန်းများ တိုးတက်ဖော်ဆောင်နိုင်ရေးအတွက် သုတေသနစာတမ်းဖတ်ပွဲများကို (၁၈)နှစ်ကာလအတွင်း (၁၇)ကြိမ် ကြီးမှူးကျင်းပနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့အတွက် ကြီးမားသော မှတ်တိုင်စိုက်ထူနိုင်ခဲ့သကဲ့သို့ ပညာရပ်နယ်ပယ် အသီးသီးအတွက် ၂၀၁၆ ခုနှစ်ထိ စာတမ်းပေါင်း(၃၂၆၄)စောင် ဖတ်ကြားတင်သွင်းနိုင်ခဲ့ပြီး ယခုနှစ်တွင် စာတမ်းစောင်ရေ အများဆုံးအဖြစ် စာတမ်းပေါင်း(၃၁၈)စောင် ဖတ်ကြားခဲ့ပြီး စာတမ်း စုစုပေါင်း(၃၅၈၂)စောင် တင်သွင်းဖတ်ကြားနိုင်ခဲ့ခြင်းကိုလည်း ဂုဏ်ယူမိပါကြောင်းဖြင့် ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့က အကောင်းဆုံးစာတမ်းများကို ၂၀ဝ၅ ခုနှစ်မှစတင်ပြီး ပညာရပ်ဆိုင်ရာဆုများ ပေးခဲ့ပါကြောင်း၊ အလားတူ ၂၀ဝ၇ ခုနှစ်မှစတင်ပြီး သုတေသနကျမ်းများကို ပညာရှင်ကြီးများက စိစစ်ရွေးချယ်ပြီး "မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဆု"များ အပ်နှင်းခဲ့ပါကြောင်း၊ အကောင်းဆုံး စာတမ်းများကို မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့က ချမှတ်ထားသည့် နိုင်ငံတော်အတွက် အကျိုးပြုမှု၊ ဘာသာရပ်အတွက် အကျိုးပြုမှု၊ ပင်ကို(Original)ဖြစ်မှု၊ သုတေသနလုပ်ဆောင်ရာတွင် စနစ်ကျနမှု၊ တင်ပြပုံ စနစ်ကျနမှု စသည့် စံ(၅)ချက်ကို အသုံးပြုပြီး ဘာသာရပ်ဆိုင်ရာ ဝါရင့်သမ္ဘာရင့် ပညာရှင်များက စိစစ်အကဲဖြတ် ရွေးချယ်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ သုတေသနစာတမ်းဖတ်ပွဲများ နှစ်စဉ်ကျင်းပလာနိုင် သည်နှင့်အမျှ သုတေသနအရည်အသွေးများ တိုးတက်လာသကဲ့သို့ သုတေသန လုပ်ငန်းများကို ထူးချွန်စွာ ပြုစုတင်သွင်းနိုင်သည့်အတွက် ဆုချီးမြှင့်ခြင်းခံရသူ ပညာရှင်သုတေသီများကလည်း မိမိတို့ပညာရပ် နယ်ပယ် အသီးသီးတွင် သုတေသနလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နေကြသည်ကို သိရှိပါကြောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းအသီးသီးမှ ပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုများကို ပညာရပ်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ပြီး ပညာရှင်ကြီးများ၏အားတက်သရော ကြီးကြပ်လမ်းညွှန်ပေးခြင်းဖြင့် သုတေသနလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက် လာနိုင်သည်ကို သုံးသပ်မိပါကြောင်း၊ ယခုလက်ရှိ ရထားပြီးဖြစ်သည့် ခိုင်မာသည့် လုပ်ငန်းအရှိန်အဟုန်ကို ဆက်လက်တည်တံ့နိုင်ရေး ပိုမိုမြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဝင်များ၊ ပညာရှင်များ၊ သုတေသီများက ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ တက္ကသိုလ်၊ ကောလိပ်နှင့် ကျောင်းအသီးသီးရှိ သုတေသီများကလည်း ပိုမိုအားထုတ် လေ့လာသင်ယူရင်း မိမိတို့၏ဘာသာရပ်အလိုက် ဖြည့်ဆည်းဆောင်ရွက် ကြစေလိုကြောင်းဖြင့် ဆက်လက်ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဌ ဒေါက်တာကြည်ကြည်လှက နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အလုပ်အမှုဆောင် ဒေါက်တာဒေါ်သန်းနွဲ့က မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဆု (၂၀၁၆)ဆု (၉)ဆုအားလည်းကောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာဇော်ဌေးက (၁၇)ကြိမ်မြောက် သုတေသနစာတမ်း အကောင်းဆုံးစာတမ်းဆု (၂၅) ဆုအားလည်းကောင်း ဖတ်ကြားတင်ပြခဲ့ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဆု(၂၀၁၆)ဆုများနှင့် (၁၇)ကြိမ်မြောက် သုတေသနစာတမ်း အကောင်းဆုံးစာတမ်းဆု ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဆု (၂၀၁၆)ဆုရရှိကြ သူများကိုယ်စား မကွေးတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာကြည်ကြည်ဝင်းနှင့် (၁၇)ကြိမ်မြောက် သုတေသနစာတမ်း အကောင်းဆုံးစာတမ်းဆု ဆုရရှိကြသူများကိုယ်စား မုံရွာတက္ကသိုလ်မှ ကထိက ဒေါက်တာဒေါ်အိအိမွန်တို့က ကျေးဇူးတင် စကားပြောကြားခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဆု(၂၀၁၆)နှင့် တစ်ဆယ့်ခုနစ်ကြိမ်မြောက် သုတေသန အကောင်းဆုံးစာတမ်းဖတ်ပွဲတွင် စာတမ်းရှင်များက စာတမ်း(၃၁၈)စောင် ဖတ်ကြားတင်ပြခဲ့ကြပြီး ပညာရှင်ဆုအတွက် ဘာသာရပ်(၁၂)ခုမှ ကျမ်းပေါင်း(၂၇)ခု ဖတ်ကြားတင်သွင်းခဲ့ရာ ဝိဇ္ဇာပညာရပ်အတွက်(၄)ဆု၊ သိပ္ပံပညာရပ်အတွက်(၃)ဆုနှင့် လူမှုရေးပညာရပ်အတွက်(၂)ဆု စုစုပေါင်း(၉)ဆုနှင့် အကောင်းဆုံးစာတမ်း(၂၅) စောင် ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (ဒြပ်ပစ္စည်းသိပ္ပံအင်ဂျင်နီယာ)
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (ဒြပ်ပစ္စည်းသိပ္ပံအင်ဂျင်နီယာ)
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (ကွန်ပျူတာစနစ်နှင့်နည်းပညာ)
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (ဓာတုအင်ဂျင်နီယာ)
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (ကွန်ပျူတာစနစ်နှင့်နည်းပညာ)
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (ရေနံအင်ဂျင်နီယာ)လက࿿ေထာကၠထိကရာထူး တ်ိုးမြင࿿့ခန࿿့ထ်ားခင࿿း (ဗိသုကာ)
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (ဗိသုကာ)
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (သုတနည်းပညာအင်ဂျင်နီယာ)
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (မက္ကာထရောနစ်အင်ဂျင်နီယာ)လက࿿ထောက္ကထိကရာထူး တျိုးမွင࿿့ခန࿿့ထျားခင࿿း (မက္ကာထေရာနစ࿿အင္ဂ်င္နီယာ)
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (စက်မှုအင်ဂျင်နီယာ)
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ)
လက်ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားခြင်း (အီလက်ထရွန်နစ်အင်ဂျင်နီယာ)
Sunday, October 29, 2017
တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး)ဇုန်အလိုက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး)ဇုန်အလိုက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၅)နာရီတွင် ရန်ကုန်မြို့ သထုံလမ်းရှိ တက္ကသိုလ် အားကစားကွင်း၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။
တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး)ဇုန်အလိုက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၅)နာရီတွင် ရန်ကုန်မြို့ သထုံလမ်းရှိ တက္ကသိုလ် အားကစားကွင်း၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။
Training Course for 8th Model ASEM Myanmar Youths သင်တန်းဖွင့်ပွဲကျင်းပ
ပညာရေးဆိုင်ရာ အဆင့်မြင့်စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီတွင် ရန်ကုန်စီးပွားရေး တက္ကသိုလ် နီလာရတုခန်းမ၌ ကျင်းပသည်။
Saturday, October 28, 2017
Training Course for 8th Model ASEM Myanmar Youths သင်တန်းဖွင့်ပွဲကျင်းပ
ရန်ကုန် ၂၀၁၇ အောက်တိုဘာ ၂၈
Training Course for 8th Model ASEM Myanmar Youths သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌဌ ဒေါက်တာဦးညီလှငယ်နှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Friday, October 27, 2017
၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ပညာရေးဌာန၏ ဒုတိယနှစ်ဝက်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
နေပြည်တော် ၂၀၁၇ အောက်တိုဘာ ၂၇
၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပညာဌာန၏ ဒုတိယနှစ်ဝက်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီတွင် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း သီရိမင်္ဂ္လာခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။ ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာဌာန၏ ဒုတိယ နှစ်ဝက်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများဖြစ်သည့် အင်္ဂ္လိပ်စာ၊ သင်္ခ࿿ျာစွမ်းရည်ပြိုင်ပွဲ၊ မြန်မာစာ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ လူရည်ချွန်ရွေးချယ်ရေး၊ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကာယပညာနှင့်ကျောင်းကျန်းမာရေးလှုပ်ရှားမှု၊ ကိုယ်ပိုင်ကျောင်းအသစ်ဖွင့်လှစ်ခွင့် လျှောက်ထားခြင်းဆိုင်ရာကိစ္စရပ်များ၊ ကျောင်းသုံးပြဌာန်း စာအုပ်ဖြန့်ချိရေးနှင့် လက်ကျန်စာရင်းများ ပြုစုခြင်းကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။ အခမ်းအနားသို့ အခြေခံပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးများနှင့် ခရိုင်ပညာရေးမှူးများမှ တာဝန်ရှိသူများ၊ ပညာဌာနနှင့် စီမံကိန်းကြီးကြပ်အကဲဖြတ်ဌာနမှ တာဝန်ရှိသူ များတက်ရောက်ကြသည်။ အဆိုပါလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ၂၆၊၁၀၊၂၀၁၇မှ ၂၇၊၁၀၊၂၀၁၇ရက်နေ့အထိ ကျင်းပကြောင်း သတင်းရရှိသည်။
Thursday, October 26, 2017
သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသုတေသနစီမံကိန်း ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကျင်းပ
နေပြည်တော် ၂၀၁၇ အောက်တိုဘာ ၂၆
ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ၊ JST-JICA တို့ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ် ဒဏ်ခံနိုင်မှုစနစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသုတေသနစီမံကိန်း ပေါင်းစပ်ညှိနိုင်းရေးကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကိုအောက်တိုဘာလ (၂၆) ရက်နေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပရာပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးတက်ရောက် အဖွင့်အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့နေရသောနိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ သဘာဝ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုနှင့် စီမံခန့်ခွဲမှုသည် အရေးကြီးသည့် အခန်းကဏ္ဍဍတွင် ပါဝင်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် ဒဏ်ခံကြိုတင်ကာကွယ်ရေးဆိုင်ရာ အတတ်ပညာများ ပြန့်ပွားလာစေရေးတို့အတွက် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏အရေးပါသော အဆင့်မြင့်ပညာရေးကဏ္ဍဍ၏ သုတေသန စွမ်းဆောင်ရည်တိုးမြှင့်ရေးနှင့် ပညာအခြေပြုလူမှုစီးပွားရေးအသိုက်အဝန်းအတွက် Knowledge Hub တစ်ခုဖြစ်လာစေရေးအတွက် စွမ်းဆောင်ရာတွင် သုတေသနလုပ်ငန်းနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ကြိုဆိုပါကြောင်း၊ နည်းပညာပူးပေါင်းဆောင်ရွက်ရာတွင် အခက်အခဲများနှင့် စိန်ခေါ်မှုများ ရှိနိုင်သော်လည်း ရည်မှန်းချက်ရောက်ရှိအောင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေး၌ ရှေးလုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးကြပြီ ရှေ့ဆက်ဆောင်ရွက် ကြမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သဘောတူညီချက်များရရှိခဲ့ပါသည်။ အဆိုပါစီမံကိန်းတွင် မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ၊ Japan Science and Technology Agency (JST) and Japan International Cooperation Agency (JICA) တို့၏ သုတေသနအစီအစဉ်တစ်ခုဖြစ်သည့် SATREPS 2014: “Development of a Comprehensive Disaster Resilience System and Collaboration Platform in Myanmar” သုတေသန စီမံကိန်းကို (၂၀၁၅-၂၀၂၀) အထိ (၅) နှစ် စီမံကိန်းဖြစ်ပြီး ပြည်တွင်းရှိ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်ဦးဆောင်သည့် အဖွဲ့ဝင်သုတေသနဌာနများဖြင့် သုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ သုတေသနပရိုဂျက်မှ တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
Tuesday, October 24, 2017
တစ်ကမ္ဘာလုံးဆိုင်ရာစီးပွားရေး၌ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် အခွင့်အရေးများအကြောင်းအကြံပေးခြင်းနှင့် သင်တန်း၏နောက်ဆက်တွဲ အစည်းအဝေးကျင်းပခြင်း
နေပြည်တော် ၂၀၁၇ အောက်တိုဘာ ၂၃
ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်‌အဖွဲ့တို့ ပူးပေါင်း၍ တစ်ကမ္ဘာလုံး ဆိုင်ရာစီးပွားရေး၌ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် အခွင့်အရေးများအကြောင်းအကြံပေးခြင်းနှင့် သင်တန်း၏ နောက်ဆက်တွဲ အစည်းအဝေးကျင်းပခြင်း (Advanced Training and Advisory Program on Intellectual Property Right in the Global Economy for the Least Developed Countries-LDCs) ၏ Follow-up Meeting ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိKempinskiဟိုတယ်၌ ကျင်းပရာပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ နိုင်စေရန်နှင့် နိုင်ငံတစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရေးကြီးသော ကဏ္ဍဍတစ်ခုဖြစ်ရုံသာမက ကဏ္ဍဍအသီးသီးတွင် တီထွင်ဖန်တီးမှုများမှ အကျိုးကျေးဇူးများ များစွာပေါ်ပေါက်လာနိုင်ပါကြောင်း၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်စနစ် အားနည်းခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါကြောင်း၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ တီထွင်ဖန်တီး ထုတ်လုပ်မှုများကို အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ်ဖြင့် အကာအကွယ်ပေးနိုင်လာပါက ဝင်ငွေပိုမို တိုးတက်လာနိုင်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေ ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့နှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်နေပြီးမြန်မာနိုင်ငံတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ် ကောင်းစွာပေါ်ပေါက်လာရန် အထူးပင် ကြိုးစားဆောင်ရွက်နေပါကြောင်း အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် စနစ်သည် မြန်မာနိုင်ငံသားများအတွက် ရင်းနှီးကျွမ်းဝင်မှုမရှိသေးသည့်အတွက် အလုပ်ရုံဆွေးနွေးပွဲ များ၊ အစည်းအဝေးပွဲများ၊ အသိပညာပေးပွဲများကျင်းပခြင်းဖြင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် ပတ်သက်၍ အများပြည်သူ နားလည်သဘောပေါက်ပြီး အကျိုးရှိရှိအသုံးပြုနိုင်ရန် အသိပညာပေးမှုများကို အားသွန်ခွန်စိုက် ပြုလုပ်လျက်ရှိပါကြောင်း၊ သဘာဝသယံဇာတများမှ ထုတ်ကုန်များကို အရည်အသွေး ပြည့်‌မီစွာ တန်ဖိုးမြှင့်‌ထုတ်လုပ်ခြင်းဖြင့် ဒေသတွင်းပြည်သူများ၏ စီးပွားရေးအားမြှင့်တင်ပေးနိုင်ရေးကို အထောက်အကူ ပြုမည်ဖြစ်ပါကြောင်းပြောကြားသည်။ အဆိုပါ အစည်းအဝေးတွင် LDCs နိုင်ငံများမှ အတွေ့အကြုံများကိုပြန်လည်ဝေမျှရေးနှင့် နိုင်ငံတော်၏ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် စီမံခန့်ခွဲရေးတို့တွင် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာတို့နှင့် ကိုက်ညီမှုရှိစေရန် မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့အတွက် ကျင်းပခြင်းဖြစ်ပြီး LDCs နိုင်ငံများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက် အကူပြုနိုင်မည်ဖြစ်သည်။ အဆိုပါ အစည်းအဝေးသို့ ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့(WIPO)မှ ကိုယ်စားလှယ်များ၊ ဆွီဒင်နိုင်ငံ၊ တီထွင်မှု မူပိုင်ခွင့်‌နှင့်ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ရုံး (Swedish Patent and Trademark Registration Office - PRV) မှ ကိုယ်စားလှယ်များ၊ the Least Developed Countries (LDCs)နိုင်ငံများဖြစ်ကြသော ဘူတန်၊ အီသီယိုးပီးယား၊ မာလဝီ၊ မိုဇမ်ဗစ်၊ မြန်မာ၊ နီပေါ၊ ရဝမ်ဒါ၊ ဆူဒန်၊ ယူဂန်ဒါ၊ ဇမ်ဗီယားနိုင်ငံများမှ ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေးကို အောက်တိုဘာ (၂၂) ရက်နေ့မှ အောက်တိုဘာ (၂၇) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။