Wednesday, October 18, 2017

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ







နေပြည်တော် ၂၀၁၇ အောက်တိုဘာ ၁၈

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီတွင် နေပြည်တော် ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဆရာဆရာမများ ပညာရေးမိသားစုများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် အခြေခံပညာကဏ္ဍဍတွင် ကျောင်းသားကျောင်းသူများ သိသိသာသာတိုးတက်မှုရှိလာကြောင်း၊ဆက်လက်၍ ကျောင်းနေအရွယ်ကလေးများ ကျောင်းနေမြဲရေးနှင့်ကျောင်းထွက်နှုန်း ပပျောက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မူလတန်းပညာရေးသည် အလွန်အရေးကြီးပြီး Grade 3(တတိယတန်း )ရောက်သည့် ကျောင်းသားကျောင်းသူတိုင်း ရေးတတ် ဖတ်တတ် တွက်ချက်တတ်အောင် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ စာဖတ်ပြိုင်ပွဲများကို မိဘဆရာအသင်းများနှင့်ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ကျောင်းများတွင် အားကစားပြိုင်ပွဲများ ပန်းချီ ဂီတ အနုပညာပွဲများ ကျင်းပြုလုပ်ရန်နှင့်မိဘဆရာအသင်း ၊ပြည်သူလူထုများနှင့်ပူးပေါင်းကာ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရန်လိုကြောင်း၊ မိဘများနှင့်ပြည်သူလူထုတစ်ရပ်လုံးပါဝင်သည့်(School Family Day ) ကိုစည်ကားသိုက်မြိုက်စွာကျင်းပစေလိုကြောင်း၊ သို့မှသာ ကလေးများ ကျောင်းနေပျော်၍ ကျောင်းထွက်နှုန်းလျော့နည်းပြီး သင်ယူတတ်မြောက်မှုနှုန်း မြင့်မားလာမည်ဖြစ်ကြောင်း၊ ကျောင်းထောက်ပံ့ကြေးများကို စနစ်တကျသုံးစွဲဆောင်ရွက်ရန်နှင့် ဘဏ္ဍဍာရေးဆိုင်ရာလုပ်ငန်းများကို ဘဏ္ဍဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ အကျိုးရှိ ထိရောက်ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စာရင်းဇယားများ ပြုစုရေးဆွဲရာတွင် စာရင်းအချက်အလက်များ မှန်ကန်တိကျရန် လိုအပ်ကြောင်း၊ ကျောင်းအလိုက် ဌာနအလိုက် ဖြည့်ဆည်းရမည့်လိုအပ်ချက်များကို တန်းစီစာရင်းဇယားများပြုလုပ်ကာ ဦးစားပေးဆောင်ရွက်နိုင်ရေး အဆင့်သတ်မှတ် ဆောင်ရွက်ထားရန်လိုကြောင်း၊ သင်ကြားရေး စီမံဘဏ္ဍဍာစသောဌာနအားလုံးတွင် အရည်အသွေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြရန်နှင့် အခက်အခဲပြဿနာများနှင့် တွေ့ကြုံလာသည့်အခါ တည်ငြိမ်စွာ ဖြေရှင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာရေးအရည်အသွေးမြင့်မားအောင် ဆောင်ရွက်ရာတွင် ကျောင်းနေနှုန်းမြင့်မားရေး၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ ပညာသင်ယူခွင့်ရရှိရေး၊ ကျောင်းထွက်နှုန်းလျော့နည်းရေးနှင့် သင်ယူတတ်မြောက်မှုအရည်အသွေးများ အားကောင်းအောင် အားလုံးပူးပေါင်းကာ ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းစသည်ဖြင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြား၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးများ၊ ခရိုင် မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်းသတင်းရရှိသည်။

No comments:

Post a Comment