Saturday, October 14, 2017

၂၀၁၇ ခုနှစ် ကမ္ဘာ့စံချိန်စံညွှန်းနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် ၂၀၁၇ အောက်တိုဘာ ၁၄

၂၀၁၇ ခုနှစ် ကမ္ဘာ့စံချိန်စံညွှန်းနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ကျင်းပသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုး၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဌ၊ ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အမျိုးသားစံချိန်စံညွှန်း ကောင်စီအဖွဲ့ဝင်များ၊ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီများမှအဖွဲ့ဝင်များ၊ USAID၊ UNIDO၊ PTB (Germany)၊ GIZ၊ ILO စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းများမှ တာဝန်ရှိသူများ၊ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကအဖွင့်နှုတ်ခွန်းဆက်အမှာ စကားပြောကြားသည်။ ဆက်လက်၍ USAID Private Enterprise Officer and Mission Economist ဖြစ်သူ Mr. Paul Pleva နှင့် UNIDO မှ Chief Technical Advisor ဖြစ်သူ Mr. Alain Peyre တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြသည်။ ထို့နောက် ဒုတိယဝန်ကြီး နှင့် ဧည့်သည်တော်များသည် အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာနမှ ကမ္ဘာ့စံချိန်စံညွှန်းနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာန၊ စံချိန်စံညွှန်းဖွဲ့ဖြိုးတိုးတက်ရေးဌာန၊ အသိအမှတ်ပြုဌာန၊ တိကျစွာတိုင်းတာခြင်းနည်းပညာဌာန တို့၏အသိပညာပေးပိုစတာများ၊ အမျိုးသားအရည်အသွေးအခြေခံအဆောက်အအုံဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေး အတွက်ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ၊ စတုတ္ထအကြိမ် အမျိုးသားစံချိန်စံညွှန်းကောင်စီမှ အတည်ပြုထားပြီးဖြစ်သည့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများကို မြန်မာနိုင်ငံစံချိန်စံညွှန်းများအဖြစ် တိုက်ရိုက်ချမှတ်ထားသည့် မြန်မာစံချိန်စံညွှန်းများကို လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ USAID မှ Senior Technical Advisor ဖြစ်သူ Mr. Ed Nemeroff က “The Benefits of Using International Standards” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Underwriters Laboratories မှ International Standards Manager ဖြစ်သူ Mr. Dan Ryan က “An Overview of How Safety Standards Contribute to a Safer World” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Food Industry Asia (Singapore) မှ Food Safety Manager ဖြစ်သူ Ms. Nicola Bonnefoy က “The Role of the Private Sector for the Development of Regulatory Standards” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Representative from the Myanmar Quality Management Center ဖြစ်သူ Dr. Tin Latt က “ISO 9001: the World’s Most Popular Standard” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ ဌာနမှူးနှင့် ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်အောင်က “The Current Status of the New Draft Law on Standardization” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ ဒေါက်တာဝါဝါမိုး က “Current Status on Adopting International Standards as Myanmar Standards” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ ဒေါက်တာချိုချိုလွင် က “Current Status on Accreditation of Laboratories in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ UNIDO မှ Chief Technical Advisor ဖြစ်သူ Mr. Alain Peyre က “Supporting Myanmar’s Conformity Assessment” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Physikalish-Technische Bundesanstalt (PTB) Mr. Alex Inklaar က “Standards and Technical Regulation in ASEAN” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးတင်ပြဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်အောင် နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး အခမ်းအနားကို ညနေ ၄ နာရီတွင် အောင်မြင်စွာရုတ်သိမ်းခဲ့သည်။









No comments:

Post a Comment