Sunday, October 15, 2017

၂၀၁၇-၂၀၁၈ ပညာသင်နှစ်(ဒုတိယနှစ်ဝက်) ကျောင်းပြင်ပမူလတန်းပညာရေး ဇုန်အဆင့် နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ၂၀၁၇ အောက်တိုဘာ ၁၅

၂၀၁၇-၂၀၁၈ ပညာသင်နှစ် (ဒုတိယနှစ်ဝက်) ကျောင်းပြင်ပမူလတန်း ပညာရေး ဇုန်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း(ကမာရွတ်)ရှိ သိင်္ဂ࿿ီမြိုင်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် သင်တန်းတာဝန်ခံဦးမောင်စိုးက သင်တန်းအကြို စစ်ဆေးခြင်း၊ သင်တန်း ဆုံးစစ်ဆေးခြင်းနှင့် သင်တန်းအကဲဖြတ်ခြင်း ဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းနှင့်တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူ များအား သင်တန်းထူးချွန်ဆုများ နှင့်သင်တန်းဆင်း လက်မှတ်များပေးအပ်ချီးမြှင့်ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။ ယင်းနောက် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက နိဂုံးချုပ် စကားပြောကြားပြီး သင်တန်းသား သင်တန်းသူများက "ကလေးများ အတွက် ဒီနေ့"သီချင်းဖြင့် ဖျော်ဖြေခဲ့ကြသည်။ အဆိုပါ ဇုန်အဆင့်နည်းပြသင်တန်းဆင်းပွဲကို ရန်ကုန်ဇုန်၊ မန္တလေးဇုန်နှင့် မော်လမြိုင်ဇုန် တို့တွင် တစ်ပြိုင်တည်းကျင်းပခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာ(၇)ရက်နေ့မှ အောက်တိုဘာ (၁၅)ရက်နေ့အထိ (၉)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။









No comments:

Post a Comment