Friday, October 20, 2017
အာဆီယံဝန်ကြီးအဆင့် အစည်းအဝေး ကြိုဆိုဂုဏ်ပြုညစာစားပွဲနှင့် အာဆီယံသိပ္ပံ၊နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် ၂၀၁၇ အောက်တိုဘာ ၁၉
အောက်တိုဘာ ၁၉ ရက် ညနေပိုင်းက အာဆီယံ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ထူးချွန်ဆုပေးအပ်ပွဲကို နေပြည်တော်ရှိ The Lake Garden ၌ ကျင်းပခဲ့သည်။ အဆိုပါပွဲတွင် ASEAN Outstanding Scientist and Technologist Award အား မလေးရှားနိုင်ငံမှ Ir.Dr.Hefizal MoHamad ၊ ASEAN Young Scientist and Technologist Award အား အင်ဒိုနီးရှားနိုင်ငံမှ Dr.Chairul Hudaya, ASEAN Meritorious Service Award အတွက် ကမ္ဘောဒီးယားနိုင်ငံမှ Mr.Keahak VEN ၊ အင်ဒိုနီးရှားနိုင်ငံမှ Prof. Gede Wenten ၊ လာအိုနိုင်ငံမှ Mr.Kongsaysy PHOMMASAY ၊ မလေးရှားနိုင်ငံမှ Dr.Wai Yie Leong ၊ မြန်မာနိုင်ငံမှ ဒေါက်တာသဇင်ဟန်၊ ဗီယက်နမ်နိုင်ငံမှ Nguyen Quang Liem နှင့် စင်္ကာပူနိုင်ငံမှ Dr. Juay Choy IIO ၊ ASEAN Plus Three Centre for the Gifted in Science's Da Vinci Award အတွက် ဗီယက်နိုင်ငံမှ Mr.Dinh Viet Thi နှင့် ကိုရီးယားသမ္မတနိုင်ငံမှ Ms.Lee You Min ၊ အမျိုးသမီးများအတွက် အာဆီယံ - အမေရိကန် သိပ္ပံဆုအတွက် မလေးရှားနိုင်ငံမှ Ms.MEI Fong Chong နှင့် ဗီယက်နမ်နိုင်ငံမှ Ms. NGUYEN THI Hiep တို့အား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆုများပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဆုရရှိကြသူများကို ဂုဏ်ပြုညစာစားပွဲဖြင့် တည့်ခင်းဧည့်ခံခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment