နေပြည်တော် ၂၀၁၇ အောက်တိုဘာ ၁၃
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri နှင့်အဖွဲ့အား ယနေ့ နေ့လည် (၂) နာရီတွင် ပညာရေးဝန်းကြီးဌာန၊ ရုံးအမှတ် (၂၁) ရှိ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ရန်ကုန်မြို့ရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဆိုင်ရာသင်တန်းကျောင်း(လှိုင်)တွင် ဖွင့်လှစ်ထားရှိသော အိန္ဒိယ-မြန်မာ သတင်းအချက်အလက်နှင့် နည်းပညာ ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်၊ သင်တန်း များတိုးချဲ့ဖွင့်လှစ်ရန်၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသားများအပြန်အလှန်စေလွှတ်နိုင်ရန်နှင့် အင်္ဂ္လိပ်စာသင်တန်း ဖွင့်လှစ်ပို့ချနိုင်ရေးတို့အတွက်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ဖွင့်လှစ်ထားသော မြန်မာသတင်း အချက်အလက် နည်းပညာတက္ကသိုလ်(Myanmar Institute of Information Technology - MIIT) တွင်လည်း မြန်မာနိုင်ငံ၏ ICT နည်းပညာဆိုင်ရာနယ်ပယ်တွင် ပိုမိုကောင်းမွန်သော ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့်တင်၍ စွမ်းရည်ပြည့်ဝပြီး အရည်အသွေးပြည့်ဝသည့် လူငယ်များနှင့် နောင်လာမည့် မျိုးဆက်သစ်လူငယ်များ၏ သင်ယူလေ့လာရန်၊ သုတေသနတီထွင်ဖန်တီးရန်နှင့် လိုအပ်သော သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (MIIT) မှ ဆရာ၊ ဆရာမများအား အိန္ဒိယနိုင်ငံ International Institute of Information Technology, Bangalore သို့ လေ့လာရေးစေလွှတ်နိုင်ရန်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment