Wednesday, October 4, 2017

ရန်ကုန်တက္ကသိုလ်(ပင်မ) ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



ရန်ကုန် ၂၀၁၇ စက်တင်ဘာ ၃၀

ရန်ကုန်တက္ကသိုလ်(ပင်မ)ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အမျိုးသားပညာရေးမူဝါဒ ဒုတိယဥက္ကဋ္ဌဌ ဦးညီလှငယ်၊ ရန်ကုန်တက္ကသိုလ် ပညာရေးမြှင့်တင်မှုကော်မတီ(Software)ဥက္ကဋ္ဌဌ ဒေါက်တာမောင်မောင်ဝင့်နှင့် ကော်မတီဝင်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် ၁နှစ်နှင့် ၆ လတာကာလ အတွင်း အဆင့်မြင့်ပညာကဏ္ဍဍ၊ အခြေခံပညာကဏ္ဍဍ၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍဍ၊ ကျောင်းပြင်ပပညာရေးကဏ္ဍဍများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်ပြုပြင် မွမ်းမံရေးနှင့် အဆင့်မြှင့် တင်ရေးဆောင်ရွက်ရာတွင် နိုင်ငံတကာပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကော်မတီများဖွဲ့စည်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ်(ပင်မ)ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သင်ကြားသင်ယူမှု မြှင့်တင်ရေး၊ သင်ရိုးညွှန်းတမ်းများ မြှင့်တင်ရေး၊ သုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်ရေး၊ အင်္ဂ္လိပ်ဘာသာစကားစွမ်းရည် မြှင့်တင်ရေး၊ စီမံခန့်ခွဲရေးနှင့် ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေးသင်တန်းများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ စသည့် Software ဆိုင်ရာလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများ၊ ပြင်ဆင်မွမ်းမံရေး လုပ်ငန်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်များ၊ ICTဆိုင်ရာ လုပ်ငန်းများ စသည့် Hardware ဆိုင်ရာလုပ်ငန်းများအား အဆင့်မြှင့်တင်နိုင်ရေးအတွက် Master Planများအရ စနစ်တကျဆောင်ရွက် သွားနိုင်ရေးအရေးကြီးပါကြောင်း၊ တက္ကသိုလ်များ၏ လက်ရှိဖွဲ့စည်းပုံများကို ဌာနအလိုက် လုပ်သားဈေးကွက်ကို ဖြည့်ဆည်းပေးနိုင်မည့် ဘွဲ့သင်တန်းများနှင့် လိုက်လျောညီထွေစွာဖြင့် တိုးချဲ့ဖွဲ့စည်းရန် လိုအပ်လျက်ရှိပါကြောင်း၊ ဒေသကို လက်တွေ့အကျိုးပြုနိုင်သော သင်တန်းများကို ဖွင့်လှစ်ပေးရန် လိုအပ်လျက်ရှိပြီး လုပ်သားဈေးကွက် လိုအပ်ချက်အရ ကျွမ်းကျင်ဘွဲ့ရလူငယ်များ မွေးထုတ်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်များ၏အရည်အသွေး ပိုမိုတိုးတက်လာစေရန်အတွက် နိုင်ငံတကာအဆင့်စွမ်းဆောင်နိုင်မှုများကို တီထွင်ကြံဆဖြေ ရှင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး ပညာရပ်ဆိုင်ရာများ၊ သုတေသနလုပ်ငန်းများ၊ ဆရာ ဆရာမ၊ ဝန်ထမ်း အရည်အသွေး မြင့်မားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၏ အရည်အသွေးတိုးတက်လာစေရန် မွမ်းမံသင်တန်းများပေးရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်များရှိ ဆရာ ဆရာမများ အနေဖြင့် ဘာသာရပ်အလိုက် အရည်အသွေးပိုမိုကောင်းမွန်လာရန် သုတေသနလုပ်ငန်းများကို ပိုမိုအကောင်အထည်ဖော်ဆောင် ရွက်ကြစေလိုကြောင်းနှင့် ကျောင်းသား ကျောင်းသူများ၏အနာဂတ် ပိုမိုလှပစေရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် အခြေခံအဆောက်အအုံနှင့် ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ရေး (Hardware)ကော်မတီဥက္ကဋ္ဌဌ ဒေါက်တာဦးညီလှငယ်၊ ရန်ကုန်တက္ကသိုလ် ပညာရေးမြှင့်တင်မှုကော်မတီ (Software) ဥက္ကဋ္ဌဌ ဒေါက်တာမောင်မောင်ဝင့်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းတို့က ရန်ကုန်တက္ကသိုလ်ပြုပြင် မွမ်းမံရေးအတွက် (Software Committee) နှင့် (Hardware Committee) ဆိုင်ရာလုပ်ငန်းစဉ်များ၊ ရန်ကုန်တက္ကသိုလ် အဆောက်အအုံများ ပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရှေ့ဆက်လုပ်ငန်း စဉ်များနှင့်ပတ်သက်ပြီး အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment