Friday, October 27, 2017
၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ပညာရေးဌာန၏ ဒုတိယနှစ်ဝက်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
နေပြည်တော် ၂၀၁၇ အောက်တိုဘာ ၂၇
၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပညာဌာန၏ ဒုတိယနှစ်ဝက်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီတွင် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း သီရိမင်္ဂ္လာခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။ ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာဌာန၏ ဒုတိယ နှစ်ဝက်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများဖြစ်သည့် အင်္ဂ္လိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ မြန်မာစာ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ လူရည်ချွန်ရွေးချယ်ရေး၊ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကာယပညာနှင့်ကျောင်းကျန်းမာရေးလှုပ်ရှားမှု၊ ကိုယ်ပိုင်ကျောင်းအသစ်ဖွင့်လှစ်ခွင့် လျှောက်ထားခြင်းဆိုင်ရာကိစ္စရပ်များ၊ ကျောင်းသုံးပြဌာန်း စာအုပ်ဖြန့်ချိရေးနှင့် လက်ကျန်စာရင်းများ ပြုစုခြင်းကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။ အခမ်းအနားသို့ အခြေခံပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးများနှင့် ခရိုင်ပညာရေးမှူးများမှ တာဝန်ရှိသူများ၊ ပညာဌာနနှင့် စီမံကိန်းကြီးကြပ်အကဲဖြတ်ဌာနမှ တာဝန်ရှိသူ များတက်ရောက်ကြသည်။ အဆိုပါလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ၂၆၊၁၀၊၂၀၁၇မှ ၂၇၊၁၀၊၂၀၁၇ရက်နေ့အထိ ကျင်းပကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment