Friday, October 20, 2017

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ILO Liaison Officer Mr. Rory Mungoven လာရောက်တွေ့ဆုံ



နေပြည်တော် ၂၀၁၇ အောက်တိုဘာ ၁၉
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ILO Liaison Officer Mr. Rory Mungoven ယနေ့ နေ့လည် ၂ နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁) ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာ မြန်မာနိုင်ငံတွင်သင့်လျော် ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးအတွက် ILO မှ ရေးဆွဲထားသည့် Myanmar Decent Work Country Programme နှင့်စပ်လျဉ်း၍လည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်း အသီးသီးအတွက် Livelihood Support Trust Fund (LIFT) အစီအစဉ်ဖြင့် ILO ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပညာရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အခြားဆက်စပ်သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်း၍ နည်းပညာနှင့်သက်မွေးဆိုင်ရာကျွမ်းကျင်မှု သင်တန်းများ ၂၀၁၇ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဖွင့်လှစ်ပို့ချနိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ အဆိုပါသင်တန်းများဖွင့်လှစ်ပို့ချခြင်း အစီအစဉ်နှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်တွင် နည်းပညာသင်တန်းကျောင်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်ရေး၊ ပုဂ္ဂလိကလုပ်ငန်းများနှင့်‌ ဒေသလိုအပ်ချက် နှင့်ကိုက်ညီသည့် သက်‌မွေးပညာရပ်များသင်ကြား ပို့ချနိုင်ရေး၊ သင်ကြားမည့်သက်‌မွေးပညာရပ်များ၊ အခြားဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်နိုင်ရေး၊ သင်တန်းများအတွက် ဆရာဆရာမများ လိုအပ်မှု၊ သင်တန်းသားသင်တန်းသူများ အတွက်လိုအပ်သည့် အခြေခံစာတတ်မြောက်မှု၊ သင်တန်း အရည်အသွေးပြည်မီရေး၊ သင်တန်းပြီးဆုံးပါကဖြင့် အလုပ်အကိုင်ရရှိရေး စသည့်တို့ကို ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။

No comments:

Post a Comment