Tuesday, October 17, 2017

(၇၃)ကြိမ်မြောက် အာဆီယံသိပ္ပံနှင့်နည်းပညာကော်မတီအစည်းအဝေးကျင်းပ









နေပြည်တော် ၂၀၁၇ အောက်တိုဘာ ၁၇

(၇၃)ကြိမ်မြောက် အာဆီယံသိပ္ပံနှင့်နည်းပညာကော်မတီအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံများမှ သိပ္ပံနှင့်နည်းပညာ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးရုံးမှ အဖွဲ့ဝင်များ တက်ရောက် ကြပြီး အာဆီယံအထိမ်းအမှတ် သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကြို ဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သည်မှာနှစ် (၂၀) တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကွာဟချက်များ လျော့နည်းသွားစေရန်နှင့် သိပ္ပံနှင့်နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အခန်းကဏ္ဍဍတွင် ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များမြင့်မားစေရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ရာတွင် အာဆီယံသိပ္ပံနှင့်နည်းပညာလှုပ်ရှားမှုများနှင့် အစည်းအဝေးများတွင် မြန်မာနိုင်ငံသည် တက်တက်ကြွကြွပူးပေါင်းပါဝင် လုပ်ဆောင်နေပြီဖြစ်ပါကြောင်း၊ စီးပွားရေးကဏ္ဍဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပညာရေး အဖွဲ့အစည်းများနှင့်သုတေသနဖွံ့ဖြိုးမှု လုပ်ငန်းများမြင့်မားလာစေရန်အတွက် ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်ပညာကဏ္ဍဍတွင် အဖွဲ့အစည်းများခိုင်မာစေရန် ကြိုးပမ်းလုပ်ဆောင်ခြင်း၊ အခြေခံပညာရေးကဏ္ဍဍ၊ စက်မှုသက်မွေးပညာရေးကဏ္ဍဍ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်းများနှင့် ပညာရေးအရည်အသွေးမြင့်မားစေရန်၊ သိပ္ပံနှင့် နည်းပညာနှင့်ပတ်သက်သောအရည်အသွေးမြင့်မားသည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးရန်နှင့် နည်းပညာပိုင်းဆိုင်ရာ အရည်အသွေးမြင့်မားသော လူသားအရင်း အမြစ်များကိုမွေးထုတ်ပေးရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါကြောင်း၊ ထို့ပြင် သိပ္ပံနှင့်နည်းပညာကဏ္ဍဍရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် အမျိုးမျိုးသော သိပ္ပံနှင့် နည်းပညာကဏ္ဍဍတွင် မိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်း မြင့်မားလာစေရန် ရည်ရွယ်ပါကြောင်း၊ ၁၆ ကြိမ်မြောက် အာဆီယံဝန်ကြီးများအစည်းအဝေးတွင် အာဆီယံသိပ္ပံနှင့် နည်းပညာဝန်ကြီးများမှ (SPASTI) ကိုချမှတ်ကျင့်သုံးခဲ့ပါကြောင်း၊ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ Siem Reap ၌ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၉) ရက်တွင်ကျင်းပခဲ့သည့် (IAMMST-9)အစည်းအဝေး၌ ဝန်ကြီးများက(APASTI) ၂၀၁၆-၂၀၂၅ အကောင်အထည်ဖော်လုပ်ဆောင်ခြင်းစီမံချက်ကို ချမှတ်ခဲ့ပါကြောင်း၊ ၂၀၁၆-၂၀၂၅ (APASTI) ရည်မှန်းချက်များပြည့်မီစေရန်နှင့် ၂၀၁၆-၂၀၂၅ (APASTI)ဆောင် ရွက်ရမည့် စီမံချက်များကိုက်ညီမှုရှိစေရန် အာဆီယံနိုင်ငံအချင်းချင်း STI ပူးပေါင်း ဆောင်ရွက်မှုတိုးတက်လာစေရန် ရည်ရွယ်ပါကြောင်း၊ ၂၀၁၅ တွင် အာဆီယံနိုင်ငံများ၏ ရည်မှန်းချက်ဖြစ်သောယှဉ်ပြိုင်မှု၊ ဆန်းသစ်တီ ထွင်မှု၊ အရှိန်အဟုန်မြင့်မားလာစေရန် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံနှင့် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးတက်လာစေရန် အတူလက်တွဲလုပ် ဆောင် လျက်ရှိပါကြောင်း၊ အစည်းအဝေးပြုလုပ်ခြင်းဖြင့် ရရှိလာသော ရလဒ်ကောင်း များကြောင့် သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးမှုတွင် တန်ဖိုးရှိသော၊ ခိုင်မာသောဆုံးဖြတ် ချက် များ၊ ပြီးပြည့်စုံသောရလဒ်ကောင်းများကိုရရှိလာမည်ဟု လေးလေးနက်နက် ယုံကြည်မိပါကြောင်း ပြောကြားသည်။ ထို့နောက် လက်ရှိအာဆီယံသိပ္ပံနှင့်နည်းပညာကော်မတီဥက္ကဋ္ဌဌ၊ ကမ္ဘောဒီးယား နိုင်ငံ Ministry of Industry and Handicraft မှ Under Secretary of State ဖြစ်သူ Dr. Tung Ciny က မိန့်ခွန်းပြောကြားသည်။ ယင်းနောက် အာဆီယံသိပ္ပံနှင့်နည်းပညာကော်မတီ ဥက္ကဋ္ဌဌ Dr. Tung Ciny က မြန်မာနိုင်ငံမှ အလှည့်ကျတာဝန်ယူရမည့် အာဆီယံသိပ္ပံနှင့် နည်းပညာကော်မတီ ဥက္ကဋ္ဌဌတာဝန်ကို လွှဲပြောင်းပေးအပ်ရာ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က လက်ခံပြီး မိန့်ခွန်းပြောကြားသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် အာဆီယံနိုင်ငံများမှ သိပ္ပံနှင့်နည်းပညာ ဒုတိယ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးရုံးမှ အဖွဲ့ဝင်များ သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် (၇၃) ကြိမ်မြောက် အာဆီယံသိပ္ပံနှင့်နည်းပညာကော်မတီ အစည်း အဝေးကို ဆက်လက်ကျင်းပရာ အာဆီယံနိုင်ငံများမှ သိပ္ပံနှင့်နည်းပညာ ဒုတိယဝန် ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများက အာဆီယံနိုင်ငံများအကြား သိပ္ပံနဲ့နည်းပညာ ကဏ္ဍဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံ၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော အမေရိကန်၊ ရုရှား၊ အိန္ဒိယ၊ EU အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အာဆီယံ အနေဖြင့်ကိုယ်စားပြု ဆွေးနွေးတင်ပြကြမည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။ (၇၃)ကြိမ်မြောက် အာဆီယံသိပ္ပံနှင့်နည်းပညာ ကော်မတီအစည်းအဝေး၊ (၆)ကြိမ် မြောက် အာဆီယံ-အိန္ဒိယ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးရေးရန်ပုံငွေဆိုင်ရာအုပ်ချုပ်မှု ကောင်စီအစည်းအဝေး(GC-AISTDF)နှင့် (၁၂)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ သိပ္ပံနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ဆွေးနွေးပွဲ(AIWGST)ကို အောက်တိုဘာ ၁၈ ရက်တွင် လည်းကောင်း၊ (၈)ကြိမ်မြောက် အာဆီယံ-ရုရှား သိပ္ပံနှင့်နည်းပညာဆိုင်ရာ လုပ်ငန်း အဖွဲ့ဆွေးနွေးပွဲ(ARWGST)၊ (၇)ကြိမ်မြောက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ အာဆီယံ-အမေရိကန်ဆွေးနွေးပွဲ(AUSCST)နှင့် (၇)ကြိမ်မြောက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ အာဆီယံ- အီးယူဆွေးနွေးပွဲ(AEUDST)ကို အောက်တိုဘာ(၁၉)ရက် တွင်လည်းကောင်း၊ (၁၇)ကြိမ် မြောက် အာဆီယံသိပ္ပံနှင့်နည်းပညာ ဝန်ကြီးအဆင့်အစည်းအဝေးကို အောက်တိုဘာ ၂၀ ရက်တွင်လည်းကောင်း မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။င်းပ

No comments:

Post a Comment