Tuesday, October 17, 2017
ပညာရေးဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံ တို့ပူးပေါင်းပြီး စွမ်းဆောင်ရည်ဖွံ့ဖြိုးမှု ရန်ပုံငွေတည်ထောင်ခြင်း နားလည်းမှုစာချွန်လွှာလက်မှတ်ရေးထိုး
နေပြည်တော် ၂၀၁၇ အောက်တိုဘာ ၁၇
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Peter Lysholt Hansen တို့သည် ပညာရေးဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံတို့ပူးပေါင်းပြီး စွမ်းဆောင်ရည်ဖွံ့ဖြိုးမှု ရန်ပုံငွေတည်ထောင်ခြင်း နားလည်မှုစာချွန်လွှာကို ယနေ့ နေ့လည် (၁) နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁) ရှိ အစည်းအဝေးခန်းမ၌ လက်မှတ်ရေးထိုးကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးစီမံကိန်းအောင်မြင်စေရန် အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ပညာရေးစနစ်ခိုင်မာအားကောင်စေရေးကို အဓိကထားဆောင်ရွက်နေကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရာတွင် စွမ်းဆောင်ရည်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ လက်ရှိပညာရေးဝန်ထမ်းနှင့် ဝန်ထမ်းအသစ်များကို ကျွမ်းကျင်မှု သင်တန်းများပေးရန်၊ စွမ်းဆောင်ရည်ဖွံ့ဖြိုးမှုအတွက် ရန်ပုံငွေအကန့်အသတ် အနေအထားများကို ပူးပေါင်းဆောင်ရွက်ပေးရန် ဖွဲ့စည်းခြင်းဖြစ်ပါကြောင်း၊ (၃) နှစ် ကာလအတွင်း ထိုစွမ်းဆောင်ရည် ဖွံ့ဖြိုးမှုအစီအစဉ်အတွက် ဒိန်းမတ်ငွေ (၂၀) မီလီယံနှင့်ညီမျှသော မြန်မာငွေ (၄ ဒသမ ၂၁) ဘီလီယံကို ထောက်ပံ့ပေးရန်၊ ဒိန်းမတ်သံရုံးအနေဖြင့် ကူညီခြင်းဖြစ်ပြီး စွမ်းဆောင်ရည်ဖွံ့ဖြိုးမှု ရန်ပုံငွေ Capacity Development Fund (CDF) ကို ထည်ထောင်ခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။ အဆိုပါ နားလည်မှုစာချွန်လွှာတွင် စွမ်းဆောင်ရည်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့်သော အမျိုးသား မဟာဗျူဟာပညာရေးအစီအစဉ်ကို ဆောင်ရွက်ရာတွင် ဗျူဟာမြောက် လေ့လာဆန်းစစ်နိုင်ရန်အတွက် အဆင့်မြင့်အရာရှိကြီးများ၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်ရန်၊ ပညာရေးဝန်ကြီး ဌာန၏ စီမံခန့်ခွဲမှုစနစ်နှင့် အစီအစဉ်များကို ခိုင်မာအားကောင်းစေရန်၊ အမျိုးသားမဟာဗျူဟာ ပညာရေးအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်အကျိုးရှိစေရန် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ရှိ ပညာရေးဝန်ထမ်းများ၏ အရည်အသွေးကို ဖြည့်ဆည်းမြှင့်တင်နိုင်ရန်စသည့် အစီအစဉ်များဖြစ်ကြောင်း၊ ပညာရေးကဏ္ဍဍများဖြစ်သည့် အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး၊ ကျောင်းပြင်ပပညာရေး စသည်တို့တွင် တိုးတက်စေရန် စွမ်းဆောင်ရည်ဖွံ့ဖြိုးမှုရန်ပုံငွေ (CDF) မှ အကူအညီများစွာပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အဆင့်မီသင်တန်းပေးရန်၊ နည်းပညာအသစ်များတီထွင်ရန် သက်သေအထောက် အထားအပေါ် အခြေပြုဆုံးဖြတ်သော ဆုံးဖြတ်ချက်များကို (Evidence-Based Decision Making) ကို ဝန်ကြီးဌာနအနေဖြင့် ပြုလုပ်နိုင်ရန်စွမ်းဆောင်ရည် ဖွံ့ဖြိုးမှုရန်ပုံငွေ (CDF) သည် ပံ့ပိုကူညီမှုများကို ပြုလုပ်ပေးသွားမည်ဖြစ်သည်။ အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ သက်ဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment