Saturday, October 14, 2017

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Scot Marciel လာရောက်တွေ့ဆုံ

နေပြည်တော် ၂၀၁၇ အောက်တိုဘာ ၁၃


ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Scot Marciel နှင့် အဖွဲ့အား ယနေ့ နေ့လည် (၁)နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁)ရှိ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာန အေနဖြင့် ပညာရေးကဏ္ဍဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ပညာရေးဏ္ဍဍ လတ်တလော၊ ရေတို၊ရေရှည် စီမံချက်ချမှတ် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောပြပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက မြန်မာနိုင်ငံပညာရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် ကူညီပံ့ပိုးဆောင်ရွက်နိုင်မှု အလားအလာများကို ဆွေးနွေးခဲ့ကြသည်။ ပညာရေးဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံတွင် အမြဲတမ်း နေထိုင်သော ကျောင်းနေအရွယ်ကလေးတိုင်း မည်သည့်ခွဲခြားမှုမျှမရှိဘဲ (ပညာရေးဝန်ကြီးဌာန၏ သင်ရိုးဖြင့်) အခြေခံပညာကျောင်းတွင် သင်ယူနိုင်ရေးဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံတွင် နေထိုင်သူ အားလုံး မြန်မာစာတတ်ရေး(အရေး၊ အဖတ်၊ အတွက်)အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုဖြင့် ဆောင်ရွက်ခြင်း၊ မူလတန်းပညာသင်ယူသူအားလုံး မူလတန်းပညာသင်ယူပြီးမြောက်၍ အလယ်တန်း၊ အထက်တန်း ဆက်လက်ပညာသင်ယူနိုင်ရေး ဆောင်ရွက်ခြင်း၊ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မီးရှို့ဖျက်စီးခြင်းခံခဲ့ရသော ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများ အတည်တကျပြန်လည် တည်ထောင်ပြီးပါက ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကျောင်းဆောင်များ ဆောက်လုပ်ခြင်း၊ ယာယီပိတ်ထားရသော ကျောင်းများအနက် (၅၁)ကျောင်းကို ပြန်လည်ဖွင့်လှစ် သင်ကြားပေးနေပြီး နေရပ်ရှောင် ကျောင်းသားကျောင်းသူများကို ယာယီနေရပ်များရှိ နီးစပ်ရာ အခြေခံကျောင်းများ၌ ပညာသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။






No comments:

Post a Comment