ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ
နေပြည်တော် ၂၀၁၇ အောက်တိုဘာ ၅
၂ဝ၁၇ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန စုဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ နေပြည်တော် ပျဉ်းမနားမြို့မှ အခြေခံဆရာ ဆရာမများက
''ယနေ့ခေတ်တို့ဆရာ'' သီချင်းဖြင့် ၂ဝ၁၇ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်
အခမ်းအနားကို သီဆိုဖွင့်လှစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက ယနေ့အချိန်အခါသည် က္ဘာတစ်ဝန်းတွင် ရှိကြသည့် ဆရာ
ဆရာမများကို ဂုဏ်ပြုသည့် နေ့ထူးနေ့မြတ် အခါသမယဖြစ်ပါကြောင်း၊ ဆရာ
ဆရာမများသည် တပည့်များအား လူသားကောင်းများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများ၊
တာဝန်ယူ တာဝန်ခံဆောင်ရွက်တတ်သူများ၊ တီထွင်ကြံဆနိုင်စွမ်းရှိသူများ
ဖြစ်လာအောင် စဉ်ဆက်မပြတ် ထုဆစ်ပုံသွင်းပေးလျက် ရှိကြပါကြောင်း၊
အရည်အသွေးပြည့်ဝသည့် ပညာရေးကို ကောင်းမွန်သည့် ဆရာများဖြင့်သာ အောင်မြင်စွာ
အကောင်အထည် ဖော်နိုင်ပါကြောင်း၊ ဆရာများ၏ အခန်းကဏ္ဍဍနှင့် ပတ်သက်၍
မြန်မာ့လူ့ဘောင် အဖွဲ့အစည်း၌ ဆရာကို အနန္တောအန္တငါးပါးတွင် အမြတ်တနိုး
တန်ဖိုးထားကြပါကြောင်း၊ ဆရာများ လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်၊
သိက္ခာနှင့် စည်းကမ်း များမှာလည်း များပြားလှပါကြောင်း၊ ဝတ်စားဆင်ယင်မှုမှအစ
အနေအထိုင်၊ အပြောအဆို၊ အကျင့်အကြံဆိုသည့် စရိုက်လက္ခဏာ အားလုံးတွင် လူ့အဖွဲ့
အစည်းက စံပြုထိုက်သည့်၊ လေးစား အတုယူထိုက်သည့် ပုဂ္ဂိုလ်များဖြစ်အောင်
ကျင့်ကြံနေထိုင်ကြသူများ ဖြစ်ပါကြောင်း၊ ကောင်းမွန်သော ဆရာများဖြင့်
လက်ရှိကြုံတွေ့နေရသည့် အခက်အခဲ၊ ပြဿနာ၊ မပြည့်စုံမှုနှင့် စိန်ခေါ်မှုများကို
တီထွင် ကြံဆဖြေရှင်း၍ ပညာရေးအရည်အသွေး မြင့်မားလာရေး အတွက်
ကျောင်းအပ်နှုန်းများ မြင့်မားလာရန်၊ ကျောင်းထွက်နှုန်းများ လျော့နည်းလာရန်၊
မူလတန်းကျောင်းသား ကျောင်းသူ အားလုံး မူလတန်းပညာ သင်ယူပြီးမြောက်ရန်နှင့်
သင်ယူတတ်မြောက်မှု အရည်အသွေး ကောင်းမွန်ရန်၊ ဒေသအလိုက် လိုအပ်သော
ကျွမ်းကျင်လုပ်သား ဈေးကွက်ကို ဖြည့်ဆည်းပေးနိုင် ရေးအတွက် နည်းပညာနှင့်
သက်မွေးပညာ သင်တန်းများဖြင့် ပြုစုပျိုးထောင် သင်ကြားလေ့ကျင့်ရန်၊
နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဘွဲ့ရလူငယ်မောင်မယ်များ
ပြုစုပျိုးထောင်ရေး Deep Learning ဖြင့် သင်ကြားလေ့ကျင့်ရန်တို့အတွက်
ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး ''လွတ်လပ် စွာသင်ကြားဖို့
ဆရာများကို အားပေးကြပါစို့''ဟု တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ယင်းနောက်
မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ်
ဒေါက်တာကြည်ရွှင်က ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ငါးဖွဲ့၏ အဖွဲ့ခေါင်းဆောင်များ
ပေးပို့သည့် စုပေါင်းသဝဏ်လွှာကို ဖတ်ကြားပြီး မြန်မာနိုင်ငံဆရာများ
အဖွဲ့ချုပ်ဥက္ကဋ္ဌဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်းက မြန်မာနိုင်ငံ
ဆရာများအဖွဲ့ချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။ ထို့နောက် အခြေခံပညာ
ကျောင်းသား ကျောင်းသူများက ''မြတ်ဆရာ''သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး
ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာဝင်းထွန်းက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်
ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများ၊ ထူးချွန် ဆရာ ဆရာမများနှင့် ဆုရ ဆရာ
ဆရာမများ၏ ဆောင်ရွက်မှုမှတ်တမ်း အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်
ဂုဏ်ထူး ဆောင်ပုဂ္ဂိုလ်ကြီးများ၊ ထူးချွန်ဆရာ ဆရာမများနှင့်
ကျောင်းတက်ရက်မပျက်သော ဆရာ ဆရာမများ၊ နိုင်ငံတကာပြိုင်ပွဲများတွင်
ဆုရရှိစေရန် ကြီးကြပ်တာဝန်ယူခဲ့သည့် ဆရာ ဆရာမ များအား ဂုဏ်ပြုဆုများ
ချီးမြှင့်ကြသည်။ ယင်းနောက် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု
ကော်မတီဥက္ကဋ္ဌဌ ဒေါက်တာတင်အောင်က အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအထက်တန်း၊
အလယ်တန်းနှင့် မူလတန်းအဆင့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်
ဆောင်းပါးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း၊
အမျိုးသားပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌဌ ဦးညီလှငယ်က တက္ကသိုလ်၊
ကောလိပ်အဆင့်၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့်
စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း၊
ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီဥက္ကဋ္ဌဌ ဦးမင်းဦးက တက္ကသိုလ်၊
ကောလိပ်အဆင့်၊ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့်
ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် တက္ကသိုလ်၊
ကောလိပ်အဆင့် ပိုစတာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊
တတိယဆုရရှိသူများကိုလည်းကောင်း အသီးသီး ဆုချီးမြှင့်ကြသည်။
ထို့နောက်
အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများက
''ပန်းပျိုးသူ''သီချင်းဖြင့် တေးသရုပ်ဖော်တင်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ အောင်သူ၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည်
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည် ကြည့်ရှုကြသည်။ ၂ဝ၁၇
ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဆောင်ပုဒ်မှာ ''လွတ်လပ်စွာသင်ကြားဖို့၊
ဆရာများကို အားပေးစို့ (Teaching in Freedom, Empowering Teachers)''
ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment