Monday, October 16, 2017
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုဖွင့်ပွဲကျင်းပ
ထားဝယ် ၂၀၁၇ အောက်တိုဘာ ၁၆
၂၀၁၇ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီတွင် ထားဝယ်မြို့တော်ခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီးအခြေခံ စာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဌ၊ တိုင်းဒေသကြီးလူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က အမှာစကားပြောကြားသည်။ ထို့နောက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီ အတွင်းရေးမှူး၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်နေ မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ အခြေခံပညာကျောင်းသားကျောင်းသူများက လူတိုင်းအတွက် ပညာရေးဆိုင်ရာ ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီးနောက် တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များနှင့် တက်ရောက်လာကြသည့် တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ စာရင်းစစ်ချုပ်နှင့် ဗဟိုကော်မတီမှတာဝန်ရှိသူများက မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် စာတတ်မြောက်ရေး လုပ်ငန်းကို ပညာရေးဝန်ကြီးဌာန နှင့်တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် အောက်တို ဘာ(၁၆)ရက်မှ နိုဝင်ဘာလ(၂၄)ရက်ထိ ရက်ပေါင်း(၄၀)၊ နာရီပေါင်း(၁၂၀)ကြာ တစ်ရက်(၃)နာရီနှုန်း ဖြင့် စာသင်သား(၅၃၂)ဦးကို နည်းပြများအဖြစ် ထားဝယ်တက္ကသိုလ်မှကျောင်းသား ကျောင်းသူ(၁၂၅) ဦးတို့က သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment