Monday, May 6, 2019

အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများ ပခုက္ကူနှင့် ရေစကြိုမြို့တို့ရှိ တန်ခိုးကြီးဘုရားများအား ဖူးမြော်ကြည်ညို

ပခုက္ကူ  ၂၀၁၉ မေ  ၄
ပုဂံလူရည်ချွန်စခန်း၌ ရောက်ရှိနေသည့် အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် ပခုက္ကူမြို့နှင့် ရေစကြိုမြို့တို့ရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြသည်။ ရှေးဦးစွာ ပုဂံလူရည်ချွန်စခန်းမှူး မန္တလေးတိုင်းပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းမြင့်နှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ကြီးကြပ်ဆရာ ဆရာမ ၁၈ ဦးနှင့် အတူ အဋ္ဌမတန်းကျောင်းသား ကျောင်းသူ ၁၇၈ ဦးသည် ယနေ့နံနက်ပိုင်းတွင် ပုဂံလူရည်ချွန်စခန်းမှ ထွက်ခွာ၍ ပခုက္ကူမြို့ရှိ သီဟိုဠ်ရှင်မြတ်စွာဘုရားနှင့် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးတို့သို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။ ယင်းနောက် ရေစကြိုမြို့ ပုခန်းကြီးမြို့ဟောင်းရှိ စည်သူရှင်သရက္ခန်ဘုရားနှင့် ကျောင်းတော်ကြီးတို့သို့ သွားရောက်လေ့လာဖူးမြော်ကြပြီး မွန်းလွဲပိုင်းတွင် ပုဂံလူရည်ချွန်စခန်းသို့ ပြန်လည်ရောက်ရှိကြသည်။


No comments:

Post a Comment