Monday, May 20, 2019

(၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်၊ သင်ရိုးမာတိကာမူကြမ်းအပေါ် ရန်ကုန်ပညာရေးတက္ကသိုလ် Board of Study ၏သဘောထားမှတ်ချက်၊ အတည်ပြုချက် ရယူခြင်း အစည်းအဝေးကျင်းပ

ရန်ကုန် ၂၀၁၉ မေ ၁၇
(၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်၊ သင်ရိုးမာတိကာ မူကြမ်း အပေါ် ရန်ကုန်ပညာရေးတက္ကသိုလ် Board of Study ၏သဘောထားမှတ်ချက်၊ အတည်ပြုချက်ရယူခြင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြော ကြားရာတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(NESP၂၀၁၆-၂၀၂၁)တွင် ဆရာအတတ်ပညာရေး၏ အဆင့်အတန်းကို မြှင့်တင်ရာတွင် ဆရာများသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်ပါကြောင်း၊ သို့ဖြစ်၍ ဆရာအတတ်ပညာရေး၏ အဆင့်အတန်းကို ပြုပြင်ပြောင်းလဲရန် အဓိကကျပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် လုပ်ငန်းခွင်အကြို ဆရာအတတ် ပညာရေး၏အရည်အသွေးမြှင့်တင် ရာတွင် သိသာထင်ရှား သော တိုးတက်မှုများဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ အရေးကြီးသော နယ်ပယ်တစ်ခုတွင် (၂)နှစ်သင် ပညာ ရေးကောလိပ်မှ (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် ဖွင့်လှစ်နိုင်ရန်နှင့် မူလတန်း၊ အလယ်တန်း ဆရာ၊ ဆရာမများကိုလေ့ကျင့်သင်ကြားပေးနိုင်ရန် သင်ရိုးညွှန်းတမ်း အသစ်ရေးဆွဲပြဌာန်းခြင်းဖြစ်ပါကြောင်း။ (၄)နှစ်သင်ပညာရေးအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့၊ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ သင်ရိုးညွှန်းတမ်း အညွှန်းဘောင်နှင့် ဘာသာရပ် သင်ရိုးမာတိကာများ ဖွဲ့စည်းခြင်းနှင့် ပညာရေး ဒီဂရီကောလိပ် အစီအစဉ်၏ ပထမနှစ်အတွက် သင်ရိုးညွှန်းတမ်း အသစ်ကို ပြန်လည်လေ့လာသုံးသပ်ရန် ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေး အဖွဲ့ဝင်များ၊ ပညာရှင်များနှင့် ပညာရေးတက္ကသိုလ်များမှ ကိုယ်စားလှယ်များ ပူးပေါင်း ပါဝင်ဆွေးနွေးခဲ့ကြ ပါကြောင်း၊ ပညာရေးဒီဂရီကောလိပ် များတွင် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အစီအစဉ်သစ်၏ ပထမနှစ်သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်း အသစ်ကို စတင်အသုံးပြုရန် ကြိုတင်ပြင်ဆင်ရန်တွင် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်(မူကြမ်း)နှင့် သင်ရိုးမာတိကာများတွင် အတည်ပြု သဘောတူညီချက်ရရှိရန်နှင့် ပညာရေးကောလိပ်များရှိ Teacher Educators များကို သင်ရိုးသစ် အကောင်အထည်ဖော်ရန်အတွက် လေ့ကျင့်သင်ကြားပေးရန်ဖြစ်ပါကြောင်း။ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးအဖွဲ့(BOS) အနေဖြင့် သင်ရိုးညွှန်းတမ်းအညွှန်းဘောင် (မူကြမ်း)နှင့်ပတ်သက်၍ ထိရောက်စွာ သုံးသပ်အကြံပြုရန်နှင့် ၂၀၁၉ မတ်လတွင် ကျင်းပခဲ့သော အစည်း အဝေး၌ တက်ကြွစွာ ပူးပေါင်းပါဝင်မှုအတွက် အလေးထားအသိအမှတ်ပြုပါကြောင်း၊ အဆင့်မြင့်ပညာ ဦးစီး ဌာနအနေဖြင့် သုံးသပ်အကြံပြုချက်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်ပြီး ယနေ့အစည်းအဝေးတွင် ရှင်းလင်းပြောကြားကြစေလိုကြောင်း၊ ပထမနှစ်အတွက် သင်ရိုးညွှန်းတမ်းနှင့်ပတ်သက်သည့် ပုံနှိပ်စာအုပ် နှင့် ဆရာလမ်းညွှန်များရေးဆွဲပြုစုပြီး နောက်ဆုံးအဆင့် သို့ရောက်ရှိနေပြီဟု သိရှိရပါကြောင်း၊ သို့ဖြစ်၍ ယခင် BOS အစည်းအဝေးမှ ဆွေးနွေးသုံးသပ်ချက်အချို့ကို ထည့်သွင်း စဉ်းစားရန်အတွက် အဆင့်မြင့် ပညာဦးစီးဌာနကို ပြောကြားပြီးဖြစ် ပါကြောင်း၊ လာမည့်နှစ်တွင် ပထမနှစ်သင်ရိုးညွှန်းတမ်းကို ပြန်လည် သုံးသပ်ရာ၌ ဤအစည်းအဝေးမှ သုံးသပ်အကြံပြုချက်များကို သင့်လျော်သလို ထည့်သွင်းစဉ်းစားသွားရန် မှာကြားပြီးဖြစ် ပါကြောင်း။ သင်ရိုးညွှန်းတမ်း အညွှန်းဘောင်သည် ပညာရေးကောလိပ် သင်ရိုးညွှန်းတမ်းကို အရည်အသွေး မြှင့်တင်ရန် အကောင်းဆုံး လမ်းညွှန်တစ်ခု ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းအညွှန်းဘောင် သည် ကျွမ်းကျင်မှုကို အခြေခံသည့်သင်ရိုးညွှန်းတမ်းအသစ်ကို နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်ကိုက်ညီရန် မည်ကဲ့သို့ ပြုပြင်ရမည်ကို ပြောကြားလိုပါကြောင်း၊ သင်ရိုးညွှန်းတမ်းတွင် ဘာသာရပ်နယ်ပယ်များကို အတူတကွ ဆက်စပ်ပေးနိုင်သော ချဉ်းကပ်နည်းတစ်ခုအဖြစ် Integrated Approach ကို နိုင်ငံတကာ အသုံးပြု နေသော နည်းလမ်းတစ်ခုအဖြစ် အသုံးပြုထားပါကြောင်း၊ Educational Studies ဘာသာရပ်တွင် ပညာရေး သဘော တရားနှင့် ပညာရေးစိတ်ပညာ ဘာသာရပ်များ၏ Key Concepts နှင့် Principles in Education များကို ပေါင်းစပ်ထည့်သွင်း ဖွဲ့စည်းထားသည်ကိုတွေ့ရှိရပါကြောင်း။ OECD အရ နိုင်ငံပေါင်းများစွာကို လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အစီအစဉ်များကို တိုးတက်ပြောင်းလဲစေရန် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ Theory နှင့် Practice ကို မျှတစွာ ဆောင်ရွက် တတ်စေရန် စာပေဘာသာရပ်အတွက် ပြင်ဆင်သင်ကြားပေးမှုကို လျှော့ချပြီး အသက်မွေးဝမ်းကြောင်း အတတ်ပညာရေးအတွက် ပိုမိုပြင်ဆင်သင်ကြားပေးရန် ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းအသစ်သည် လက်တွေ့ သင်ကြားခြင်း (Practicum) ကို အလေးပေးထားသည်ကို တွေ့ရပြီး ပညာရေးဒီဂရီကောလိပ်ရှိ သင်ကြားရေးအချိန် ကာလစုစုပေါင်း ၏(၂၀)ရာခိုင်နှုန်းကို အသုံးပြုထားသည်ကို တွေ့ရှိရပါကြောင်း၊ ပညာရေးဒီဂရီကောလိပ်၏သင်ကြားရေး အချိန်ကာလစုစုပေါင်း၏ (၂၀)ရာခိုင်နှုန်းကို Practicum အတွက် အသုံးပြုခြင်းသည် နိုင်ငံတကာ အသုံးပြုနေသော နည်းလမ်းတစ်ခုဖြစ်ပါကြောင်း။ ပညာရေးဒီဂရီကောလိပ်သင်ရိုးညွှန်းတမ်း၏ ရည်ရွယ်ချက်မှာ မူလတန်းနှင့်အလယ်တန်းကျောင်း များတွင် တာဝန် ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများကို လေ့ကျင့်မွေးထုတ်ပေး ရန်ဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကြောင်းဒီဂရီတစ်ခုအနေဖြင့် Student Teachers များကို ၎င်းတို့သင်ကြားပေးရမည့် ဘာသာရပ် နယ်ပယ်များထက် ပိုမို၍ ကျွမ်းကျင်ပိုင်နိုင်စေရန် ပြင်ဆင်လေ့ကျင့်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်း အညွှန်းဘောင်နှင့် ဘာသာရပ်သင်ရိုးမာတိကာများကို ပြန်လည်သုံးသပ်ရာတွင် အချိန် ပေး၍ ပူးပေါင်းပါဝင်ကြသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် (၄)နှစ်သင်ဒီဂရီ ကောလိပ်အစီအစဉ်ကို စတင် အကောင်အထည်ဖော်ရန်အတွက် ကြိုတင်ပြင်ဆင်ရာတွင် အရေးကြီးသော အဆင့်တစ်ခု ဖြစ်ကြောင်းနှင့်သင်ရိုးညွှန်းတမ်းဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ ထိရောက်သော ဆွေးနွေး အကြံပြုချက်များ ပေးကြစေလိုကြောင်းဖြင့်ပြောကြားသည်။ ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမေစန်းရီက (၄)နှစ် သင် ပညာရေးဒီဂရီကောလိပ်သင်ရိုး ညွှန်းတမ်းအညွှန်းဘောင်၊ သင်ရိုးမာတိကာမူကြမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပထမအကြိမ် ရန်ကုန်ပညာရေးတက္ကသိုလ် Board of Study ၏သဘောထား မှတ်ချက်များအား တင်ပြသည်။ ယင်းနောက် (Curriculum Core Team member)ဝင်များဖြစ်ကြ သည့် စစ်ကိုင်းပညာရေး တက္ကသိုလ် ပါမောက္ခ ဒေါက်တာခင်မာရီက Educational Studies ဘာသာရပ်နှင့်စပ်လျဉ်း၍ လည်း ကောင်း၊ မုံရွာပညာရေးကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂီကျော်က သိပ္ပံဘာသာရပ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြောင်းမြ ပညာရေးကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီး ဒေါ်သူဇာရှိန်က ဝိဇ္ဇာဘာသာရပ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ သင်္ဃန်းကျွန်း ပညာရေးကောလိပ်မှ ဌာနမှူး ဒေါ်လွယ်လွယ်ခိုင်က တွဲဖက်သင်ရိုး ဝင်ဘာသာရပ်နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြရာ Board of Study အဖွဲ့ဝင်များက ဆွေးနွေးကြသည်။ ထို့နောက် (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်၊ သင်ရိုးမာတိကာ မူကြမ်းအပေါ် ရန်ကုန်ပညာရေးတက္ကသိုလ် Board of Study ၏ သဘောထားမှတ်ချက်၊ အစည်းအဝေး ဆုံးဖြတ်ချက်များကို မှတ်တမ်းတင်ပြီး အတည်ပြုချက်ရယူခဲ့ကြသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment