နေပြည်တော် ၂၀၁၉ မေ ၂၇
၂၀၁၉-၂၀၂၀
ပညာသင်နှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကျောင်းနေအရွယ် ကလေးအားလုံး
ကျောင်းအပ်နှံရေးသီတင်းပတ်အခမ်းအနားကို ၂၇၊ ၅၊ ၂၀၁၉ ရက်နေ့
နံနက်(၁၀)နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)
အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုနယ်မြေ၊
နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊
ပညာရေးဝန်ကြီးဌာရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊
နေပြည်တော်ပညာရေးမှူး၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊
ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊
ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်
သက်ဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ကြသည်။ ရှေးဦးစွာ နေပြည်တော်၊ အမှတ်(၅)
အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ပညာသည်သာ ရတနာ”
သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင်
ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို
ဆောင်ရွက်ရာတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁) ကိုရေးဆွဲ၍
အခြေခံပညာရေး၊ နည်းပညာ နှင့်သက်မွေးပညာရေး၊
ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး၊ အဆင့်မြင့်ပညာရေး၊ ဆရာ အတတ်ပညာရေးစသဖြင့်
နယ်ပယ်(၉)ရပ်နှင့် ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်း(၁၂) ရပ်တို့ဖြင့်
အကောင်အထည်ဖော်ဆောင်ရွက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိထိရောက်ရောက် အကောင်
အထည်ဖော်နိုင်ရေး ဆောင်ရွက်ရာတွင် ကျောင်းနေအရွယ်ကလေးတိုင်း
မည်သည့်ခွဲခြားမှုမျှမရှိဘဲ ပညာသင်ယူခွင့်ရရှိစေရေး၊
မည်သူတစ်ဦးတစ်ယောက်မျှမကျန်ရှိစေရေး၊ ကျောင်းနေမြဲ၍ ကျောင်းထွက်သူ
မရှိစေရေး စသည့်မူဝါဒများချမှတ်ဆောင်ရွက်နေပါကြောင်း၊ ကျောင်းနေအရွယ်
ကလေးတိုင်း မသင်မနေရ အခမဲ့ပညာရေးစနစ်ကိုချမှတ်ဆောင်ရွက်ကာ
ကျောင်းအပ်နှံနှုန်း မြင့်မားရေးဆောင်ရွက်လျက်ရှိပါကြောင်း၊
ကျောင်းသားကျောင်းသူများအား (၂၁) ရာစုကျွမ်းကျင်မှုများဖြစ်သည့်
စဉ်းစားဝေဖန်တွေးခေါ်နိုင်ခြင်း၊ တီထွင် ဖန်တီးနိုင်ခြင်း၊
ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခြင်း၊ ပြေပြစ်စွာဆက်သွယ်ဆက်ဆံနိုင်ခြင်း၊
စူးစမ်းလေ့လာမှုကိုအခြေခံကာ ပြဿနာဖြေရှင်းခြင်း၊ တရားမျှတစွာနှင့်
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ခြင်း အစရှိသည့် ကိုယ်ရည်ကိုယ်သွေး
ကျွမ်း ကျင်မှုများရရှိစေရန် အခြေခံပညာသင်ရိုးညွှန်းတမ်းများကို
ပြုပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သင်ကြားရေးနှင့်
စစ်ဆေးအကဲဖြတ်သည့်နည်းစနစ်များ ပြုပြင်ပြောင်းလဲဆောင်ရွက်
နိုင်ခဲ့ခြင်းကြောင့် မူလတန်းအောက်ဆင့်ကလေးများသည် သင်ကြားသင်ယူမှု
လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်တတ်လာခြင်း၊
မေးခွန်းများမေးမြန်းတတ်လာခြင်း၊ မေးခွန်းများကို
ပြန်လည်ဖြေဆိုတတ်လာခြင်းစသည့် တိုးတက်မှုများကို တွေ့ရှိရပါကြောင်း၊
မိဘများအနေဖြင့် မိမိသားသမီးများကို
တာဝန်ယူတာဝန်ခံ၍ပူးပေါင်းဆောင်ရွက်တတ်ပြီး တီထွင်ဆန်းသစ် ဖန်တီးနိုင်
စွမ်းရှိသော လူသားကောင်းများဖြစ်စေရေး၊ တစ်သက်တာသင်ယူနိုင်မည့်
ပညာရေးအခွင့်အလမ်း များဖန်တီးပေးနိုင်ရေးအတွက် ကျောင်းအုပ်၊
ဆရာဆရာမများနှင့်ဝိုင်းဝန်းပူးပေါင်းဆွေးနွေး ဆောင်ရွက်စေလိုပါကြောင်း၊
ကျောင်းအပ်နှံနှုန်းမြင့်မားရေး၊ ကျောင်းထွက်နှုန်းနည်းပြီး
ကျောင်းနေမြဲရေး၊ ကျောင်းသားကျောင်းသူများအားလုံး
မူလတန်းဆင့်မှအလယ်တန်းဆင့်၊ အလယ်တန်းဆင့်မှ အထက်တန်းဆင့်၊
အထက်တန်းဆင့်မှသက်မွေးပညာကျောင်း သို့မဟုတ်
တက္ကသိုလ်များသို့တက်ရောက်နိုင်ရေးနှင့် ကျောင်းသားကျောင်းသူများ
ဆေးလိပ်၊အရက်၊ ကွမ်းယာနှင့် မူးယစ်ဆေးဝါးများ ကင်းစင်ရေး၊
စနစ်တကျအမှိုက်စွန့်ပစ်တတ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး၊
မျိုးဆက်ပွားကျန်းမာရေးနှင့် ရင်ခွင်မဲ့ကလေးများဆိုင်ရာ အသိပညာ ပေးရေး၊
ကျန်းမာသောဘဝ နေထိုင်မှုပုံစံစသည့် အလေ့အထကောင်းများကို လေ့ကျင့်သင်ကြား
ပေးကြရမည်ဖြစ်ပါကြောင်း၊ အရည်အချင်းရှိသော ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်
ကျောင်းသား ကျောင်းသူ များအဖြစ် မွေးထုတ်ပေးနိုင်ရေးတို့အတွက် မိဘ
အုပ်ထိန်းသူများနှင့် အားလုံးဝိုင်းဝန်းပူးပေါင်း
ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ယင်းနောက်
ပြည်ထောင်စုဝန်ကြီးက အခမဲ့ဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များကို
ပေးအပ်ရာ ဒက္ခိဏသီရိမြို့နယ်ပညာရေးမှူး၊ ဇမ္ဗူသီရိမြို့နယ်ပညာရေးမှူးတို့က
လက်ခံရယူကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက
အခမဲ့ဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များကို ပေးအပ်ရာ
မြို့နယ်ပညာရေးမှူးများက လက်ခံရယူကြသည်။ ယင်းနောက် ပျဉ်းမနားမြို့နယ်
အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက
“ပညာပန်းခင်း” သီချင်း သီဆိုဖျော်ဖြေကြသည်။ ဆက်လက်၍
ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များက အခမဲ့ဗလာ
စာအုပ်များနှင့် ပုံနှိပ်စာအုပ်များကိုပေးအပ်ရာ သက်ဆိုင်ရာ
မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ် ကြီးများက လက်ခံရယူကြသည်။ ထို့နောက်
ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား
ကျောင်းသူများက “တို့အင်တို့အား” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများသည်
စာသင်ခန်းအလိုက် ကျောင်းအပ်လက်ခံနေမှုများနှင့် ပြခန်းများအား
လိုက်လံအားပေးကြည့်ရှု၍ ကျောင်းသားကျောင်းသူများနှင့်မိဘအုပ်ထိန်းသူများအား
ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ကြောင်း သတင်းရရှိ သည်။
No comments:
Post a Comment